မိုးကောင်းမြို့နယ်တွင် လက်မောင်းကျည်ထိမှန်ခဲ့သည့် အမျိုးသမီးကို မြစ်ကြီးနားစစ်ဆေးရုံသို့ ပို့ဆောင်

မိုးကောင်းမြို့နယ်တွင် လက်မောင်းကျည်ထိမှန်ခဲ့သည့် အမျိုးသမီးကို မြစ်ကြီးနားစစ်ဆေးရုံသို့ ပို့ဆောင်
by -
မွန်းမွန်းပန် (MNJ)

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ယမန်နေ့ ဧပြီ ၅ ရက် ညကိုးနာရီကျော်အချိန်ခန့် ပစ်ခတ်ခံရသည့် ကျွန်းတောရပ်ကွက်မှ ကျည်ထိမှန်သူ အမျိုးသမီးကို ယနေ့နံနက် မြစ်ကြီးနားမြို့ စစ်ဆေးရုံသို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

 

မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်မှ ကျည်ထိမှန်ခဲ့သူ အမျိုးသမီးသည် ဧပြီ ၅ ရက် ည ကိုးနာရီကျော်အချိန် သူမ၏ တစ်နေ့တာ စျေးရောင်းရငွေအား ရေတွက်နေစဉ်တွင် ပစ်ခတ်မှုကြောင့် ဘယ်ဖက်လက်မောင်း ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ အမျိုးသမီးမှာ ကျည်ထိမှန်ပြီး နာရီပိုင်းကျော်အချိန်ခန့်ထိ ဆေးအကူ မရရှိသဖြင့် ပြည်သူများ၏ တောင်းဆိုချက်ကြောင့် ရဲတပ်ဖွဲ့နှင့် နာရေးအသင်းမှ မိုးကောင်းမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သွေးထွက်လွန်သဖြင့် ယနေ့မနက်ပိုင်း မြစ်ကြီးနားမြို့ စစ်ဆေးရုံသို့ ပို့ဆောင်ပေးမည်ဟု တပ်ဘက်မှ အရာရှိတစ်ချို့က ပြောဆိုခဲ့ကြောင်းလည်း သိရသည်။ 

 

အာဏာသိမ်းစစ်ကောင်၏တပ်များသည် မိုးကောင်းမြို့ ကျွန်းတောတံတားပေါ်တွင် တပ်စွဲထားပြီး ထိုကျွန်းတောတံတားပေါ်မှ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ကျည်ထိမှန်ခဲ့ကြောင်းသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...