တရားလိုသက်သေများ ရောက်လာခြင်းမရှိသဖြင့် ဝိုင်းမော်မြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ခဲ့သည့် ကျောင်းအုပ်ဆရာမကြီးနှင့် အမျိုးသမီးတစ်ဦးတို့၏အမှု စစ်ဆေးနိုင်ခဲ့ခြင်းမရှိ

တရားလိုသက်သေများ ရောက်လာခြင်းမရှိသဖြင့် ဝိုင်းမော်မြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ခဲ့သည့် ကျောင်းအုပ်ဆရာမကြီးနှင့် အမျိုးသမီးတစ်ဦးတို့၏အမှု စစ်ဆေးနိုင်ခဲ့ခြင်းမရှိ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် ဝိုင်းမော်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဖမ်းဆီးခံထားရသည့် ကျောင်းအုပ်ဆရာမကြီးနှင့် အမျိုးသမီးတစ်ဦးတို့၏ ဒုတိယမြောက်နေ့ရုံးချိန်းတွင် တရားလိုသက်သေများ ရောက်လာခြင်းမရှိသဖြင့် စစ်ဆေးနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းအုပ်ဆရာမကြီးနှင့် အမျိုးသမီးတစ်ဦး ဒုတိယမြောက်နေ့ရုံးချိန်းအဖြစ် မတ် ၃၀ ရက်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မစစ်ဆေးနိုင်သဖြင့် လာမည့် ဧပြီ ၂ ရက်သို့ ရုံးချိန်းထပ်မံချိန်းဆိုလိုက်ကြောင်း ဖမ်းဆီးခံထားရသည့်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့ နေဦးဂဲနက်စ်ထံမှ သိရသည်။

“ဒီနေ့ထောင်ကြီးမှာဘဲ ရုံးထုတ်တယ်။ ဒါပေမယ့် တရားစွဲထားတဲ့ တရားလိုဘက်က သက်သေတွေမလာရောက်နိုင်တဲ့အတွက် ဒီနေ့အမူမစစ်လိုက်နိုင်ဘူး။ လာမယ့် ၂ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်ကပြောသည်။

ဖမ်းဆီးခံထားရသည့် ဆရာမအပါအဝင် နှစ်ဦးအား ဖေဖော်ဝါရီလ ၁၂ ရက် ဝိုင်းမော်မြို့နယ်တွင် ဆန္ဒထုတ်ဖော်နေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် ပထမအကြိမ်ရုံးထုတ်စစ်ဆေးပြီးဖြစ်သည်။

ပထမအကြိမ် ရုံးထုတ်စစ်ဆေးရာတွင် တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသည့် ဝိုင်းမော်မြို့နယ်၊ ဒုရဲမှူးမင်းဇော်ဦး စစ်ဆေးပြီးဖြစ်ကာ ဒုတိယအကြိမ်တွင်မူ ဖမ်းဆီးချိန်တွင် မြင်တွေ့ခဲ့ရသည့် တရားလိုဘက်မှ မျက်မြင်သက်သေများအား စစ်ဆေးရမည်ဖြစ်သော်လည်း ယနေ့သက်သေများရောက်လာနိုင်ခြင်းမရှိသည့်အတွက် အမှုစစ်ဆေးခြင်း မဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် ကျောင်းအုပ်ဆရာမကြီးသည် မူလတန်းကျောင်းအုပ်ဆရာမ လငန်လွမ်းနောနှင့် ဒေါ်ဇတန်းလွမ်းညွယ်တို့ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...