မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာက အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းအနေဖြင့် ယနေ့ (မတ် ၂၉ ရက်) မနက်ပိုင်းက ကျေးရွာအတွင်း လှည့်လည်ကာ ဆက်လက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မော်ဟန်ကျေးရွာနေ တိုင်းရင်းသားပြည်သူများက မိုးညှင်းမြို့ အထွေထွေသပိတ်စစ်ကြောင်းနှင့်အတူ ပူးပေါင်းဆန္ဒထုတ်ဖော်မှုအား နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိအခြေအနေရ မိုးညှင်းမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ခွင့်မရရေး အကြမ်းဖက်ဖြိုခွင်းမှုများ၊ အတားအဆီးများရှိနေသဖြင့် ကိုယ့်ရပ်ရွာအတွင်း ရှိသမျှအင်အားဖြင့် ညသပိတ်၊ နေ့သပိတ်များကို ရက်ပျက်မရှိ ဆန္ဒထုတ်ဖော်နေရခြင်းဖြစ်ကြောင်းနှင့် မြို့ပေါ်ဖိလို့ မော်ဟန်ကျေးရွာနေ တိုင်းရင်းသားပြည်သူတွေက အာဏာရှင်ပြုတ်ကျရေး ရသည့်နည်းနှင့် တွန်းလှန်နေဆဲဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောသည်။