အဖြေကပြည်တွင်းတွင်ရှိသည်၊ သို့သော် နိဒါန်းသစ်ကိုပုံဖော်ရန် နိုင်ငံတကာမိတ်ဆွေ များထံမှအကူအညီကိုမြန်မာနိုင်ငံလိုပါသည်

အဖြေကပြည်တွင်းတွင်ရှိသည်၊ သို့သော် နိဒါန်းသစ်ကိုပုံဖော်ရန် နိုင်ငံတကာမိတ်ဆွေ များထံမှအကူအညီကိုမြန်မာနိုင်ငံလိုပါသည်

၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များလက်ချက်ကြောင့် မြန်မာနိင်ငံသား ၁၈၀ သေဆုံးခဲ့ပြီဖြစ်ပြီး ထိုအရေအတွက်၏ဆယ်ဆခန့်မှာ ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ အာဏာသိမ်းမှုကိုဆန့် ကျင်သည့်ဆန္ဒပြပွဲများမှာ နေ့ရောညပါဆက်လက်ဆင်နွှဲလျက်ရှိသည်။ ယင်းကိုကြည့်ခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ‘စောင့်ကြည့် ပူပန်’ နေသည့်မဟာဗျူဟာမှာ အလုပ်မဖြစ်ကြောင်းထင်ရှားသည်။ ထိုမဟာ ဗျူဟာကြောင့်ပင် လက်နက်အပြည့်အစုံတပ်ဆင်ထားသောအာဏာသိမ်းစစ်ကောင်စီနှင့် မြန်မာနိုင်ငံသား အများစုကြီးအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အပြစ်မဲ့အရပ်သားများသေဆုံးနေရခြင်းအတွက် တစိတ်တပိုင်းတာဝန်ရှိနေသည်။

ယခုကျွန်ုပ်တို့ရှေ့မှောက်တွင်ပေါ်ပေါက်နေသည့်ခက်ခဲလှသည့်မေးခွန်းမှာ ဒီလိုအခြေအနေတွေအောက်မှာနောက်ထပ်အသက်ဆုံးရှုံးမှုတွေမဖြစ်အောင်ကာကွယ်ဘို့ နိုင်ငံတကာ အ သိုင်းအဝိုင်းကဘာများလုပ်နိုင်ပါသလဲ ဆိုသည်ပင်ဖြစ်သည်။ ဒါမှမဟုတ် သူတို့မှာကာကွယ်ဘို့တာဝန်ရှိသ လားဆိုသည့်အချက်ပင်ဖြစ်သည်။ ဤမေးခွန်းများကိုမေးရခြင်းမှာ မြန်မာပြည်သူများအတွက် သူတို့ပြဿ နာတွေကိုဖြေရှင်းဘို့ သူတို့တွင်အဖြေမရှိဟုဆိုလိုသည်မဟုတ်ပါ။ သို့သော်ယခုတာဝန်ကြီးကိုပြီးမြောက် အောင်မြင်အောင်ဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့၏နိုင်ငံတကာမိတ်ဆွေများထံမှ ပူးပေါင်းဆောင်ရွက် မှုကိုလိုချင်သောကြောင့်သာဖြစ်ပါသည်။

သင်တို့၏မျက်စေ့ရှေ့တွင်ဖြစ်ပျက်နေသည်များမှာ အလွန်ရိုးစင်းလှပါသည်။ အင်အားကြီးမားပြီး လက်နက် အပြည့်အစုံတပ်ဆင်ထားသည့် အကြမ်းဖက်စစ်အစိုးရတပ်များက အရပ်သားပြည်သူများကိုသတ်ဖြတ်နေခြင်းဖြစ်သည်။ သူတို့သည် လူ့အခွင့်အရေးကို၎င်း၊ နိုင်ငံတကာစံနှုံးများကို၎င်း လုံးဝဂရုမထားဘဲထိုသို့သတ်ဖြတ်နေခြင်း ဖြစ်သည်။

ယခုမြန်မာနိုင်ငံဖြစ်ရပ်တွင် လုပ်ဆောင်ရန်ပျက်ကွက်ခြင်းသည် ကျရှုံးစေရန်လုပ်ဆောင်နေခြင်းပင်ဖြစ် သည်ဟုထပ်မံပြသနေသည်။  ကမ္ဘာကြီးသည် ရိုဟင်ဂျာများအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရ ခြင်းနှင့် နောက်ဆက်တွဲပေါက်ပေါက်လာသော အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းရခြင်းတို့ကို မကာကွယ် နိုင်ခဲ့ပါ။ ထိုသို့ကာကွယ်ရန်ပျက်ကွက်ခဲ့ပါသည်။ ယင်းသည်ကမ္ဘာ့သမိုင်းတွင်အချိန်တိုလေးအတွင်းဖြစ်ပျက်ခဲ့ သော အလွန်ကြီးမားသည့်ဖြစ်ရပ်ကြီးဖြစ်ပြီး အားလုံးကိုမြန်မာလုံခြုံရေးတပ်ဖွဲ့များက ၂၀၁၇ ခုနှစ်က မြန်မာ ဘင်္ဂလားနယ်စပ်၊ ရခိုင်ပြည်နယ်တွင်ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။

ယခုတကြိမ်တွင်လည်းအဆိုပါလုံခြုံရေးယန္တရားကပင် ရန်ကုန်၊ မန္တလေးလိုမြို့ကြီးများတွင်ပင် နေ့ရော ညပါ မရှောင်ပြောင်ပြောင်တင်းတင်းကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။ ယင်းမြို့ကြီးများတွင်ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး ၏ရုံးမျိုးစုံ အနည်းဆုံး ၁၉ ရုံးရှိနေသည်။ ထို့ကြောင့်သူတို့အတွက် မျက်မြင်သက်သေသော်၎င်း အခိုင်အမာ သက်သေခံသော်၎င်း ရရှိရန်မခဲယဉ်းပါ။ မြန်မာလုံခြုံရေးတပ်ဖွဲ့များ ရက်ရက်စက်စက်ကျူးလွန်ထားမှုများ ကို ရုပ်သေဓါတ်ပုံသော်၎င်း ဗွီဒီယိုမှတ်တမ်းများသော်၎င်း၊ တို့ကို နာမည်ကြီးမီဒီယာတိုက်ကြီးများကရော၊ နိုင်ငံသားသတင်းသမားများကသော်၎င်း ရိုက်ယူထားသည်တို့အများအပြားပင်ရှိပါသည်။ ဆန္ဒပြသူများကို နှိမ်နင်းရာတွင် အင်အားကိုမတန်တဆသုံးစွဲခဲ့ခြင်းမှာ အဖြစ်အပျက်များစွာတွင်ထင်ထင်ရှားရှားသက်သေ ရှိပါသည်။ သို့သော်ယခုအချိန်အထိ  ကိုယ်တိုင်ဝင်ရောက်ပါဝင်လုပ်ကိုင်ပေးဘို့ဝေးစွ၊ ဌာနေကုလသမဂ္ဂ ကိုယ်စားလှယ်များထံမှဘာသံမှမကြားရသေးပါ။

ငြိမ်းချမ်းစွာဆန္ဒပြနေသူများထဲတွင် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းကိုလိုချင်သည်ကတဘက် ကိုယ့်လုံခြုံရေး ကိုစိုးရိမ်ပူပန်ရသည်ကတဘက်ဖြင့် သူတို့အဘို့အားကိုးရာမဲ့အခြေအနေကိုကြုံတွေ့နေကြရသည်။ နိုင်ငံတ တကာအသိုင်းအဝိုင်းက ငါတို့ကိုစွန့်ခွာသွားပြီလားဟုပင် ကြိမ်ဖန်များစွာခံစားနေကြရသည်။ ကိုယ့်ပြည် တွင်းပြဿနာအတွက်အဖြေကို တိုင်းပြည်ပြင်ပတွင်ရှာမှရမည်ဟု တွေးထင်ကြခြင်းကြောင့် သူတို့ အသဲကွဲ ရသည်မဟုတ်ပါ။ မြန်မာနိုင်ငံရှိလူငယ်မျိုးဆက်က နိုင်ငံတကာအသိုင်းအဝိုင်းတွင် သူတို့အတွက်မိတ်ဆွေ ကောင်းများရှိသည်ဟုယုံကြည်ထားကြသည်။ ယခင်ကာလများကစွပ်စွဲပြောဆိုခဲ့ကြသလို နိုင်ငံတကာစနစ် ကြီးဆိုသည်မှာ ဘာမျှမဟုတ် အလုပ်မဖြစ်သည့်စနစ်ကြီးသာဖြစ်သည်ဆိုသည်ကို သူတို့ယုံကြည်လက်ခံရန် ငြင်းဆန်နေကြခြင်းသာဖြစ်ပါသည်။ အတိုင်းအတာတခုအထိပွင့်လင်းလွတ်လပ်သော ဒီမိုကရေစီတပိုင်း အစိုးရလက်ထက်တွင်ကြီးပြင်းလာခဲ့ကြသော ထိုမျိုးဆက်က ဒေသတွင်းနှင့်ကမ္ဘာ့ အသိုင်းအဝိုင်းတွင် အာဆီယံဖြစ်စေ၊ ကုလသမဂ္ဂဖြစ်စေ သူတို့နိုင်သလောက်ပေးဆပ်ချင်ကြသည်။

မြန်မာ့မျက်မှောက်နိုင်ငံရေးအကြပ်အတည်း နှင့် ဝရုန်းသုန်းကားဖြစ်မှုများအတွက် အဖြေကိုပြည်တွင်း တွင် သာရှာဖွေရမည်ဆိုသည်ကို သူတို့ကောင်းစွာသိကြပါသည်။ ထိုအထဲမှ အနည်းဆုံးအားဖြင့် ဆန္ဒပြပွဲများကို ဦးဆောင်နေသောအချို့သော လူငယ်များတွင် အခိုင်အမာစိတ်ကူးစိတ်သန်းများရှိကြပြီး ယင်းတို့ကို မကြာ သေးမီက လူထုထံသို့ချပြခဲ့သည်။ ဥပမာအားဖြင့် တိုင်းရင်းသားများအထွေထွေသပိတ်ကော်မတီ(GSCN) က သတင်းထုတ်ပြန်ချက်တရပ်ထုတ်ပြန်ကာ ညွန့်ပေါင်းမဟာမိတ်အဖွဲ့တခုဖွဲ့စည်းရန်တင်ပြခဲ့သည်။ ထိုအထဲ တွင် (၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်မဲပေးရွေးချယ်ထားသော) လွှတ်တော်အမတ်များ၊ ထိုအမတ်များ ဖြင့်ဖွဲ့စည်းထားသည့် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ခေါင်း ဆောင်များ၊ လက်နက်ကိုင်အဖွဲ့များ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်အဖွဲများမှ ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းနှင့်အမျိုးသမီးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ ပါဝင်ကြရန်သူတို့ကတင်ပြခဲ့ကြ ခြင်းဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားစုံလင်ကွဲပြားလှသောနိုင်ငံအတွက်ထိုသို့အားလုံးပါဝင်ရေး သည် အလွန်အရေးကြီးသည်မှာ ထင်ရှားလှသည်။

သူတို့၏အနာဂတ်လမ်းပြမြေပုံအရ ထိုမဟာမိတ်ညွန့်ပေါင်းအဖွဲ့သည် ကုံလုံပြည့်စုံသည့် တိုင်းပြည်တည် ဆောက်ရေးပဋိညာဉ်စာတန်းတရပ်ကိုချက်ချင်းချမှတ်သင့်သည်။ ယင်းသည် တောင်အာဖရိက တွင် ကျင့် သုံးခဲ့သည့် လွတ်လပ်ရေးပဋိညာဉ်ကဲ့သို့သောစာချုပ်ဖြစ်ရမည်။ ထိုပဋိညာဉ်က မြန်မာနိုင်ငံသားအားလုံး အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခွင့်အရေးများကို အာမခံပေးရမည်။ ထိုကဲ့သို့သော စာချုပ်စာတန်းမျိုးကသာ ကြားဖြတ်ဖက်ဒရယ်ဖွဲ့စည်းပုံတရပ်ချမှတ်ကျင့်သုံးနိုင်ရေးအတွက် လမ်းဖွင့်ပေးလိမ့်မည် ဖြစ်သည်။ ထိုကြားဖြတ်ဖွဲ့စည်းပုံကိုအခြေခံ၍သာ ကြားဖြတ်အစိုးရကိုဖွဲ့စည်းနိုင်လိမ့်မည်ဖြစ်သည်။ နောက် ဆက်တွဲအနေဖြင့် အကုန်လုံးမပါတောင်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ပါသော ဖက်ဒရယ်တပ်မတော်တရပ်ကိုလည်းဖွဲ့စည်းနိုင်မည်ဖြစ်သည်။ ယင်းသည် အလွန်တရာခက်ခဲသော်လည်း မဖြစ်နိုင်သည့် လုပ်ငန်းစဉ်တရပ်မဟုတ်ပါ။ ထိုဖြစ်စဉ်အတွင်း ထိုသို့သောညွန်ပေါင်းအဖွဲ့တရပ်ပေါ်လာရန် အရင်းအမြစ် အများအပြားကိုအသုံးပြရမည်ဖြစ်ပြီး  အချိန်တချို့ယူရမည်လည်းဖြစ်သည်။ ယင်းသည်ပင် နိုင်ငံတကာ အ သိုင်းအဝိုင်းထံမှ မြန်မာနိုင်ငံကလိုအပ်နေသည့် အကူအညီဖြစ်သည်။ မကြာမီဖွဲ့စည်းတည်ထောင်တော့မည့် ဖက်ဒရယ်တပ်မတော်ကို လက်နက်တပ်ဆင်ရာတွင် ကူညီပေးဘို့လိုသည်။ သို့မှသာ ယာယီညီညွတ်ရေး အစိုးရအတွက် တိုင်းပြည်နှင့်အဝှမ်း သူ့ဩဇာအာဏာတည်လိမ့်မည်၊ တိုင်းပြည်တွင်းတရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်သည်။

ယင်းသည်ပင်ပြည်တွင်းတွင်ရှာဖွေ၍ရသည့် အလားအလာရှိသောအဖြေဖြစ်သည်။ သို့သော် ထိရောက်မှုရှိ ရန် အောင်မြင်မှုရရန်အတွက်မူ နိုင်ငံတကာအထောက်အပံ့လိုပါသည်။ မြန်မာ့နိုင်ငံရေးအကြပ်အတည်း သည်နက်ရှိုင်းစွာအမြစ်တွယ်နေသောအကြပ်အတည်းမျိုးဖြစ်သည်။ ယင်းကိုဖြေရှင်းရန် ရယ်ဒီကယ်ကျဘို့ လိုသည် သို့သော်ပြီးပြည့်စုံသည့်မဟာဗျူဟာလည်းလိုသည်။ ကြီးမားသောပြဿနာ ကိုတခါထဲနှင့်အပြီး အပြတ်ဖြေရှင်းနိုင်ရန် အလွန်ကြီးမားသော အတွေးအကြံတရပ်လိုအပ်နေခြင်းဘဲဖြစ် သည်။ မြန်မာနိုင်ငံ ပြည်သူများကလိုအပ်သောခြေလှမ်းများလှမ်းရန် ဆန္ဒနှင့်အာသီသပြင်းပြနေပုံရပါသည်။ မြန်မာနိုင်ငံသား များအတွက်လိုအပ်ချိန်တွင်အသင့်ရှိသည့် မိတ်ဆွေကောင်းဖြစ်ပါရန် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသ ဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ယင်း၏မဟာမိတ်များကို ကျနော်တို့တိုက်တွန်းပါသည်။ ကြမ်းကြုတ် ရက်စက်လှသည့် စစ်အာဏာရှင်စနစ်ကို မြန်မာနိုင်ငံမှဖယ်ရှားရေးတွင် ကူညီရေးအတွက် ယခုတကြိမ် သည် ကမ္ဘာ့ရှေ့တန်းဒီမိုကရေစီနိုင်ငံကြီးများအတွက် တခုတည်းနှင့်နောက်ဆုံးအခွင့်အရေးဖြစ်နိုင်ပါသည်။ တချိန်တည်းတွင်အရှေ့တောင်အာရှဒေသတွင် ဒီမိုကရေစီနိုင်ငံသစ်တရပ်ကိုမွေးဖွားပေးလိုက်တာလဲဖြစ် ပါသည်။

*(ယခုဆောင်းပါးအား အင်္ဂလိပ်ဘာသာဖြင့် မူးရင်းရေးသူ သည် Salween Institute for Public Policy ၏ တည်ထောင်သူဒါရိုက်တာ Saw Kapi ဖြစ်ပြီး၊ သူ့အား [email protected] မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။)

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...
စစ်ကောင်စီဖမ်းဆီးထားသည့် ဆရာတော်ဦးပညာဇောတ
November 19, 2024
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ  ဦးဆောင်ဆရာတော်တပါးဖြစ်သည့်...
၂၀၂၂ခုနှစ် ဩဂုတ်လက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးစဥ် ( ဓာတ်ပုံ- ပုံဟောင်း)
November 18, 2024
အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်ရှိ အကျဥ်းထောင်အတွင်း ထိန်းသိမ်းခံနေရသည့် မြန်မာများအတွက်...
November 14, 2024
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက...