အာဏာသိမ်းစစ်တပ်နှင့် KIA တို့၏တိုက်ပွဲကြောင့် မြစ်ဆုံအထက်ပိုင်းကျေးရွာမှ ပြည်သူတချို့ ထပ်မံထွက်ပြေးခဲ့ရ

အာဏာသိမ်းစစ်တပ်နှင့် KIA တို့၏တိုက်ပွဲကြောင့် မြစ်ဆုံအထက်ပိုင်းကျေးရွာမှ ပြည်သူတချို့ ထပ်မံထွက်ပြေးခဲ့ရ
by -
မွန်းမွန်းပန် (MNJ)
ဓါတ်ပုံ - ယနေ့နံနက်ပိုင်းက စစ်ရှောင်လာခဲ့သည့် မလိဇွပ်ရွာသူ/သားများ
ဓါတ်ပုံ - ယနေ့နံနက်ပိုင်းက စစ်ရှောင်လာခဲ့သည့် မလိဇွပ်ရွာသူ/သားများ

မြစ်ဆုံအထက်ပိုင်း မလိဇွပ်ကျေးရွာမှ ပြည်သူအယောက် ၃၀ ခန့် ယနေ့ (မတ် ၁၇ ရက်) မနက်ပိုင်း ၈ နာရီအချိန်တွင် စစ်ရှောင်လာခဲ့ရကြောင်း သိရသည်။ 

 

ဂွေထော်ကျေးရွာအနီးတစ်ဝိုက်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ယမန်နေ့ည (၇) နာရီခွဲခန့်အချိန်မှ ယနေ့နံနက် ၅ နာရီအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသောကြောင် အနီးအနားရွာဖြစ်သည့် မလိဇွပ်ကျေးရွာမှ စစ်ရှောင်လာသူတစ်ဦးကပြောသည်။ 

 

“မနေ့ည တစ်ညလုံးပစ်နေကြတယ်။ အိပ်တောင်မအိပ်ရဘူး။ တချို့က တောမှာထွက်ပြေးပီး အိပ်ရတယ်။ လက်နက်ကြီးလည်း ရွာနားမှာ သုံးခုလောက်ကျခဲ့တယ်။ ထိခိုက်တာမျိုးတော့မရှိဘူး” ဟု ၎င်းကပြောသည်။ 

 

မလိဇွပ်ကျေးရွာတွင် တချို့ပြည်သူများက စစ်မရှောင်ဘဲ ဆက်လက်ရှိနေပြီး မြစ်ဆုံအထက်ကျေးရွာများတွင် နှစ်ဖက်ပစ်ခတ်မှုများကြောင့် စစ်ရှောင်လာသူ ၂၀၀ ကျော်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...