ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်း ကချင်ခရိယာန်ဓမ္မသက္ကသိုလ်ကျောင်းကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှု မတ် ၁၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဓမ္မသက္ကသိုလ်ကျောင်းကို မတ် ၁၃ ရက် ညအချိန် ၁၀:၃၀ အချိန်ခန့်တွင် စစ်သားများ စစ်ကား ၁၀ စီးခန့်ဖြင့် ဧည့်စာရင်းစစ်ရန်ဟုဆိုကာ ကျောင်းဝင်းရှေ့ရောက်ရှိလာပြီး ကျောင်းတွင်းဝင်ရန် ဝင်းတံခါးကြီး ဖွင့်ပေးဖို့အတွက် ကျောင်းတွင်းတာဝန်ရှိသူများနှင့် အခြေအတင်း ပြောဆိုနေကြချိန် PCG မှ ဦးလမိုင်ဂွမ်ဂျာနှင့် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်နှင့် ဆရာတူးမိုင်တို့ရောက်ရှိလာပြီး ၎င်းတို့ ညှိနှုင်းပြောဆိုပြီးနောက် စစ်တပ်ဘက်မှ တာဝန်ရှိစစ်သား ၁၅ ဦးကိုသာ ကျောင်းဝင်းတွင်းသို့ ဝင်ခွင့်ပြု ဧည့်စာရင်းစစ်ဆေးခဲ့သည်ဟုဆိုသည်။
အဆိုပါ စစ်သားများသည် ကျောင်းတွင်း တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား တစ်နေရာတွင် စုစည်းနေစေပြီး နာမည်များမေးမြန်းခြင်း၊ မှတ်သားခြင်း၊ ကျောင်းတွင်း လိုက်လံရှာဖွေခြင်းများ ပြုလုပ်ခဲ့ပြီး မနက် ၂:၃၀ အချိန်ခန့်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
Published
Sunday, March 14, 2021
ကချင် ခရစ်ယာန်ဓမ္မသက္ကသိုလ်ကျောင်းကို တပ်က အင်အားအလုံးအရင်းဖြင့် ဧည့်စာရင်းစစ်