မိုးညှင်းသပိတ်စစ်ကြောင်း ပထမဆုံး ပစ်ခတ်ဖြိုခွင်းခံရ၊ ပြည်သူနှစ်ဦး ဒဏ်ရာရ

မိုးညှင်းသပိတ်စစ်ကြောင်း ပထမဆုံး ပစ်ခတ်ဖြိုခွင်းခံရ၊ ပြည်သူနှစ်ဦး ဒဏ်ရာရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ယနေ့ (မတ်လ ၉ ရက်) ၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသည့် သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့နှင့် စစ်တက်က သေနတ်ပစ်ခတ် လူစုခွဲခဲ့သဖြင့် ဆန္ဒပြပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စုရပ်မှာတော့ စစ်တပ်ကအရင်ရောက်နေတာ ဆန္ဒပြတဲ့လူတွေဘယ်မှာလူစုလိုက်လဲတော့မသိဘူး၊ ကျွန်တော်စရောက်တော့ လူစုခွဲပြီး ပစ်နေပြီ" ဟု အဆိုပါဆန္ဒပြပွဲတွင်ပါ၀င်ခဲ့သူတစ်ဦးကပြောသည်။

အဆိုပါဆန္ဒပြသပိတ်စစ်ကြောင်းကို စိမ်းရတနာမွန်ရပ်ကွက် တောင်ပိုင်းမှစ၍ ပိတ်ဆို့ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုတွင် ရာဘာကျည်အပြင် ကျည်အစစ်ကိုပါ ရော၍ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုသို့ ပစ်ခတ်မှုကြောင့် လက်မောင်းကိုထိမှန်သူတစ်ဦး၊ ရာဘာကျည်ဖြင့် ခါးကိုထိမှန်သူတစ်ဦး ရှိခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြမှုကို နေ့စဉ်ပြုလုပ်နေသည်မှာ တစ်လကျော်ရှိပြီဖြစ်ပြီး ယခုလို ပစ်ခတ်ဖြိုခွင်းခံရမှုသည် ပထမအကြိမ် ဖြိုခွင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် အစိုးရ၀န်ထမ်းများ၊ ပုဂ္ဂလိက၀န်ထမ်းများနှင့် ဒေသခံပြည်သူများသည် စစ်အာဏာရှင်ကိုလက်မခံကြောင်းနှင့် ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်များ ပြန်လွှတ်ပေးရေး စသည့် ကျွေးကြော်သံများနှင့် ဆန္ဒပြနေကြခြင်းဖြစ်ပြီး စစ်အာဏာရှင်အစိုးရ လက်အောက်တွင် နိုင်ငံတာ၀န်ကိုလုပ်ဆောင်လိုခြင်းမရှိသောကြောင့် CDM ပြုလုပ်ကာ အာဏာဖီဆန်မှုများ ကိုလုပ်ဆောင်လျက်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...