မြစ်ကြီးနားသပိတ်ကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းသဖြင့် နှစ်ဦးသေဆုံး၊ ဖမ်းဆီးခံရသူ ၉၀ ကျော်ရှိ

မြစ်ကြီးနားသပိတ်ကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းသဖြင့် နှစ်ဦးသေဆုံး၊ ဖမ်းဆီးခံရသူ ၉၀ ကျော်ရှိ
by -
ခေါင်ညွယ် (KNG)

မြစ်ကြီးနားသပိတ်ကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ခေါင်းကိုကျည်ထိမှန်၍ သေဆုံးသူနှစ်ဦးရှိကြောင်း သိရသည်။

 

မတ် ၈ ရက်က ငြိမ်းချမ်းစွာဆန္ဒပြနေသည့် မြစ်ကြီးနားသပိတ်စစ်ကြောင်းကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့ခြင်းဖြစ်ပြီး ကချင်စုရပ်ကွက်မှ မောင်ဇင်မင်းထက် (ခ) ဖိုးလုံးနှင့် ဦးကိုကိုလေး (ခ) ချိုတားတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

 

မောင်ဇင်မင်းထက်၏ ရုပ်အလောင်းအား ကချင်စုရပ်ကွက်ရှိ နေအိမ်သို့ သယ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင်ပင် စစ်သားများ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လက်မောင်းတစ်ခုလုံး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည့် အသက် (၃၉) နှစ်အရွယ် အမျိုးသမီး ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ကြောင်း သိရသည်။

 

“လူနာတစ်ဦးကိုတော့ ကယ်လိုက်နိုင်တယ်။ လက်ထိတဲ့သူပေါ့။ ကံကောင်းသွားတာပေါ့။ လိုအပ်တဲ့အရာတွေ ပြည့်ပြည့်စုံစုံရှိနေတော့။ မဟုတ်ရင် သူလည်းမလွယ်ဘူး။ ခုတော့ လူနာရဲ့အခြေအနေကို ဆက်လက်စောင့်ကြည့်နေဆဲပါ” ဟု ကုသပေးသူများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

 

ထို့ပြင် ဒဏ်ရာအပြင်းအထန်ရရှိသူ ခုနစ်ဦးရှိပြီး ဖမ်းဆီးခံရသူ အများအပြားရှိကြောင်းသိရပြီး ဖမ်းဆီးခံရသူဦးရေ ၉၁ ဦးရှိပြီး ၁၈ နှစ်အောက် လူငယ် ၁၉ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်၊

 

ယင်းအဖမ်းခံရသူများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ထိန်းသိမ်းထားပြီး ထောင်သို့ပို့ဆောင်ရန် လုပ်ဆောင်နေကြောင်းနှင့် ၎င်းတို့ ပြန်လည်လွတ်မြောက်ရေး ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...