လွိုင်ကော်တက္ကသိုလ်ကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့များ ဝင်ရောက်အခြေချမှု ပြည်သူများက ကန့်ကွက်သဖြင့် ပြန်လည်ထွက်ခွာခဲ့ရ

လွိုင်ကော်တက္ကသိုလ်ကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့များ ဝင်ရောက်အခြေချမှု ပြည်သူများက ကန့်ကွက်သဖြင့် ပြန်လည်ထွက်ခွာခဲ့ရ
by -
နော်ဒွေးအယ်ခူ (KT)

လွိုင်ကော်တက္ကသိုလ်ကျောင်းဝန်းအတွင်း မတ် ၆ ရက် ညနေ ၃ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့အင်အား ၁၆ ယောက်ခန့်က အိပ်ယာအသုံးအဆောင်အပြည့်ဖြင့် ဝင်ရောက်နေထိုင်မှုကို ကျောင်းဆရာ/များ၊ ကျောင်းသားများနှင့် ပြည်သူလူထုတွေက ဝိုင်းဝန်းကန့်ကွက်ခဲ့သည့်အတွက် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ 

 

“လွိုင်ကော်တက္ကသိုလ်မှာနေရာလာယူဖို့ကတော့ သူတို့အထက်က ညွှန်ကြားမှုကြောင့်လာတယ်။ သူတို့ကိုယ်၌က ဘာအတွက်မှန်းမသိဘူးလို့ပြောတယ်။ အိပ်ယာလိပ် အသုံးအဆောင်ပစ္စည်းတော့ပါတယ်။ ဘာရည်ရွယ်ချက်မှန်း မသိဘူး။ သူတို့သိရသလောက်ကတော့ ဒကစတို့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်တို့ ဆွေးနွေးမှုတစ်စုံတစ် ရာလုပ်ပီးတော့မှ ဒီမှာရဲတပ်ဖွဲ့တွေ လာရောက်နေရာယူမှုကို ပါချုပ်က ခွင့်ပြုပေးတယ် အဲလိုပြောတယ်ပေါ့။ အဲ့လိုခွင့်ပြုတဲ့အတွက် ရဲတွေက လာရောက်တယ်လို့ပြောတယ်။ ဒါကတော့ ကျတော်တို့ရောက်တဲ့အချိန်မှာ သိရတဲ့အချက်အလက်ဖြစ်တယ်” ဟု ကယားပြည်နယ် သပိတ်ကော်မတီအဖွဲ့ဝင်တစ်ဦးကပြောသည်။

 

ရဲတပ်ဖွဲ့များ တက္ကသိုလ်အတွင်း ဝင်ရောက်နေထိုင်မှုကို ကြားသိချင်းချင်း ပြည်သူလူထုအများအပြားက လာရောက်ဝန်းရံခဲ့ကြသည်။

 

နောက်နောင် လွိုင်ကော်တက္ကသိုလ်ကျောင်းဝန်းအတွင်း ရဲ၊ စစ်သားတွေကို ဝင်ရောက်နေရာယူမှုကို ခွင့်မပြုရန် ပါမောက္ခချုပ်ကို မေတ္တာရပ်ခံသွားမည်ဖြစ်ပြီး အာဏာပိုင်ဖက်က တစ်စုံတစ်ရာဖိအားပေးလာပါက ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့သော်လည်းကောင်း၊ သပိတ်ကော်မတီသော်လည်းကောင်း ချိတ်ဆက်ဆက်သွယ်နိုင်ကြောင်း သပိတ်ကော်မတီဖက်က သတင်းစကားပါးထားသည်။

 

လွိုင်ကော်တက္ကသိုလ်မှ CDM ပြုလုပ်သည့်ဝန်ထမ်းများစွာရှိသည့်အတွက် ရဲတပ်ဖွဲ့ဝင်များဝင်ရောက်နေထိုင်မှုဟာ စိုးရိမ်မှုကိုဖြစ်စေသည့်အတွက် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ လုံခြုံရေးပေးနိုင်ရန် အသင့်ရှိကြောင်း သပိတ်ကော်မတီက ပြောသည်။

 

ပြီးခဲ့သည့် မတ် ၄ရက်ကလည်းနောင်ယား(ခ)ရပ်ကွက်ရှိ အစိုးရစာသင်ကျောင်းဖြစ်သည့် အလက (၂) အလယ်တန်းကျောင်းတွင် ရဲတပ်ဖွဲ့များ ဝင်ရောက်နေထိုင်ရန် စီစဉ်မှုကိုလည်း ရပ်ကွက်နေပြည်သူများက လက်မခံသဖြင့် နေထိုင်မည့်အစီအစဉ် ပျက်ခဲ့ရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...