“ရခိုင်မှာ စစ်ဒဏ်ခံခဲ့ရတယ်။ နှစ်ဖက်တိုက်ပွဲကြောင့် လူအသေအပျောက်များခဲ့တယ်။ သူတို့မှာ အခုထက်ထိသွေး မတိတ်ကြသေးဘူး.. အဲဒါကြောင့်လည်း ကျွန်တော်တို့ရခိုင်တွေဟာ ဒီ CDM လှုပ်ရှားမှုမှာ ပါဝင်နိုင်မှု အားနည်းတာဖြစ်တယ်”

“ရခိုင်မှာ စစ်ဒဏ်ခံခဲ့ရတယ်။ နှစ်ဖက်တိုက်ပွဲကြောင့် လူအသေအပျောက်များခဲ့တယ်။ သူတို့မှာ အခုထက်ထိသွေး မတိတ်ကြသေးဘူး.. အဲဒါကြောင့်လည်း ကျွန်တော်တို့ရခိုင်တွေဟာ ဒီ CDM လှုပ်ရှားမှုမှာ ပါဝင်နိုင်မှု အားနည်းတာဖြစ်တယ်”

ရခိုင်စာရေးဆရာ သာဒိုးရီနှင့် အင်တာဗျူး

တစ်နိုင်ငံလုံး CDM လုပ်ဆောင်နေချိန်တွင် ရခိုင်မှ ပါဝင်မှုအားနည်းသည့်အပေါ် ရခိုင်စာရေးဆရာ သာဒိုးရီအား ယခုလို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး - ပထမဆုံးမေးချင်တာက လက်ရှိမြန်မာ တစ်နိုင်ငံလုံးနည်းပါး CDM လုပ်နေချိန်မှာ ရခိုင်ဒေသက ပါဝင်မှုအားနည်းတယ်။ တောင်ပိုင်းကနည်းနည်းသာပါတာတွေရတယ်။ ရခိုင်တွေဟာ ဒီလုပ်ရပ်အပေါ်လက်မ ခံနိုင်ကြတာလားဆိုတဲ့ မေးခွန်းတချို့ရှိနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဆရာအနေနဲ့ ဘယ်လိုသုံး သပ်ချက်ပေးချင်ပါသလဲ။

သာဒိုးရီ - ရခိုင်ဒေသက ပါဝင်မှုအားနည်းတာမှန်တယ်။ မြောက်ပိုင်းမပါဝင် တောင်ပိုင်းနည်းနည်းပါဝင်တယ်။ ရခိုင်တွေဘာဖြစ်လို့ ပါဝင်မှုအားနည်းရသလဲဆိုရင်တော့ ရခိုင်မှာ ပြဿနာဖြစ်တာမကြာသေးဘူး။ ဒဏ်ရာတွေမ ကျက်သေးဘူး။ လူပေါင်းနှစ်သိန်းကျော် အိမ်မပြန်နိုင်ကြသေးဘူး။ နောက်တစ်ခုက ရခိုင်မှာ ဒီစစ်ကြောင့်ပဲ ဒုက္ခိတဖြစ်ရတာ သေဆုံးသွားတာတွေလည်း လူပေါင်း သုံးရာကျော်ရှိသွားတာကို အားလုံးသိကြတယ်။ နောက်တစ်ခုက ရခိုင်တွေလိုချင်တာက အနည်းဆုံး ဖက်ဒရယ်ဒီမိုကရေစီ။ အခုဆန္ဒပြနေတာက အဲဒီအချက် တွေမပါပဲနဲ့ စရွေးလွှတ် တစ်ခုတည်းသာပါနေတယ်။ အဲဒါကို ရခိုင်တွေက သဟဇာတမကျတဲ့အတွက် သွေးမ ကြောင်ပေမဲ့ ဘေးထွက်ထိုင်နေကြရတာဖြစ်ပါတယ်။

မေး - ရခိုင်ဒေသက ပါဝင်မှုအားနည်းတယ်။ ဒီရခိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားမှုတွေများခဲ့လို့ ခံခဲ့ရတာများလို့ဆိုပြီး ရခိုင်ပြည်က လက်ရှိ CDM လှုပ်ရှားမှုမှာမပါဝင်လာကြဘူး။ တောင်ပိုင်းကနည်းနည်းသာပါဝင်ကြတာပေါ့နော်။ အခြားတစ်ဘက်မှာလည်း ဒီကချင်တွေမှာဆိုရင်လည်း ရခိုင်ပြည်နယ်လို တိုက်ပွဲတွေဖြစ်ပွားတာရှိတယ်။ ဒါပေမဲ့ ကချင်က ဒီ CDM ပါဝင်မှုအားကောင်းတယ်ပေါ့လေ။ ဒီဟာတွေဟာ ဗမာရခိုင်ဆိုတဲ့ အပြောအဆိုကြားထဲမှာ ဘယ်လိုဖြစ်စေနိုင်တယ်လို့ သုံးသပ်မိပါသလဲ ဆရာ။

သာဒိုးရီ - ဒီအဖြစ်အပျက်တွေ၊ လုပ်ဆောင်မှုတွေ ဘာကြောင့် မတူကြတာလဲဆိုတော့ ကျွန်တော်စောစောနားက ပြောသွားသလို ရခိုင်တွေဟာ ဘာကြောင့် ဘေးထွက်ထိုင်နေရသလဲဆိုရင် ရခိုင်တွေလိုချင်တာက စု ရွေး လွတ် မဟုတ်ဘူး။ အခု ဒီ CDM လှုပ်ရှားမှုမှာ တောင်းဆိုကြတဲ့အခါ အဲဒီအချက်တွေမပါကြဘူး။ ဒီမိုကရေစီရရှိရေး၊ ဒေါ်စုလွတ်မြောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပျက်ပြားရေး၊ အဲဒီအချက်တွေက ရခိုင်တွေလိုချင်တဲ့ ရင်ဘက်နဲ့ ထပ်တူမကျတဲ့အခါ CDM မှာ ပူပေါင်းပါဝင်မလာတာဖြစ်တယ်လို့ သုံးသပ်မိပါတယ်။

မေး - ဒီ CDM လှုပ်ရှားမှုနဲ့ပတ်သက်လို့ နားလည်မှုလွဲမှားပြီး ပြောဆိုနေကြတာတွေရှိတယ်။ ဒီပြောဆိုချက် ဒီစ ကားလုံးတွေဟာ ကျွန်တော်တို့ကြားထဲမှာ သွေးကွဲစေတယ်။ နောက်တစ်ခုက လူမျိုးရေး ခွဲခြားမှုဖြစ်ပေါ်စေတယ် ပေါ့။ ဒါကြောင့် ဒါတွေကို ဘယ်လိုရှောင်ရှားသင့်တယ်ဆိုတာကိုဆရာအနေနဲ့ အကြံပြုစေချင်ပါတယ်။

သာဒိုးရီ - အခုမေးတဲ့မေးခွန်းလို ဒီစကားလုံးတွေကိုလျော့ချသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူမျိုးတစ် မျိုးနဲ့တစ်မျိုးကြားမှာ အမုန်းတရားတွေပွားစေတယ်။ ကျွန်တော်တို့က ပြည်ထောင်စုအထဲမှာ နေထိုင်ကြတဲ့ ညီအစ် ကိုတွေဖြစ်တယ်။ ဆိုတော့ ဒီစကားလုံးကို ဟဟ ပေးတာတို့၊ သေရင်ကောင်းတယ်၊ ဝမ်းသာတယ် ဆိုတဲ့စကား လုံးတွေကို အခုလက်ရှိ ဆိုရှယ်မီဒီယာကို အသုံးပြုနေကြတဲ့ လူကြီး၊ လူငယ်အားလုံး နှစ်ဘက် လုံး ကပေါ့လေ။ ရခိုင်မှာပဲဖြစ်တာဘဲဖြစ်ဖြစ် နောက်တစ်နေရာမှာ ဖြစ်တာဖြစ်ဖြစ် ညီအစ်ကို မောင်နှမစိတ်နဲ့ သွားရင် တော့ ကျွန်တော်တို့ ပြည်ထောင်စုကြီး ဒီထက်မက သာယာမယ်။ အဒီလိုမဟုတ်ဘဲကျွန်တော်တို့ သေတဲ့လူကို ရယ်နေကြမယ်ဆိုရင် ပြည်ထောင်စုဟာ ဒီထက်မက ရှုပ်ထွေးလာနိုင်မယ်။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြား၊ နိုင်ငံရေးပါတီအချင်းချင်းတွေကြား လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီမှာလည်း ရှုပ်ထွေးမှုတွေဖြစ်လာနိုင်ပါတယ်။ အဲဒါ ကို လက်ရှိအွန်လှိုင်းသုံးစွဲနေသူတွေက အဓိက ရှောင်ရှားသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။

မေး - ဒီ CDM မှာ ရခိုင်တွေပါဝင်လာဖို့အတွက် ဘယ်အချက်တွေအဓိက လိုအပ်နေတယ်လို့ထင်ပါသလဲ။

သာဒိုးရီ - ဒီလှုပ်ရှားမှုမှာ ရခိုင်က အားလုံးပါဝင်လာနိုင်ဖို့ဆိုတာက မဖြစ်နိုင်ဘူးဆို ထင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ နှစ်နှစ်ကျော်အတွင်း ရခိုင်မှာစစ်ဒဏ်ခံခဲ့ရတယ်။ နှစ်ဖက်တိုက် ပွဲကြောင့် လူအသေအပျောက်များခဲ့တယ်။ သူတို့မှာ အခုထက်ထိသွေးမတိတ်ကြသေးဘူး။ သူတို့မှာလုပ်စရာ တွေအများကြီးရှိသေးတယ်။ စစ်ဘေးရှောင် နှစ်သိန်းကျော် အိမ်မပြန်နိုင်ကြသေးဘူး။ အဲဒါကြောင့်လည်း ကျွန်တော်တို့ရခိုင်တွေဟာ ဒီ CDM လှုပ်ရှားမှုမှာ ပါဝင်နိုင်မှုအားနည်တာဖြစ်တယ်လို့ ထင်ပါတယ်။

မေး - ဟုတ်ကဲ့..။နောက်ဆုံးမေးခွန်းတစ်ခုက အခုလက်ရှိ ရခိုင်တွေအပေါ်ကို မြင်နေတဲ့အမြင်တွေကို ရခိုင်က နားလည်နိုင်ဖို့နဲ့ ရခိုင်တွေရဲ့ ခံစားချက်တွေကို နားလည်နိုင်ကြဖို့အတွက် စကားလက်ဆောင် ပါးပေးပါဆရာ။

သာဒိုးရီ - တစ်ယောက်နဲ့ တစ်ယောက်နားလည်ပေးနိုင်ဖို့အတွက် ရခိုင်တွေရဲ့ခံစားချက်တွေကိုလည်း တစ်ဘက် လူက မြင်ဖို့လိုပါတယ်။ သူတို့ဘယ်လိုခံစားခဲ့ရလဲ၊ ဘယ်လိုခံစားနေရလဲ၊ ဘာကိုလိုချင်တမ်းတနေလဲ ဒါတွေကို သိနားလည်မှဘဲ၊ တစ်ဖက်ရင်ထဲကို ခံစားနားလည်ပေးမှ အခြားတစ်ဖက်ကလည်း အဲဒါကို နားလည်ပေးနိုင် မှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ စောစောနားက ဆရာမေးသလို ဒီ CDM မှာ ဘာဖြစ်လို့မလုပ်လဲ ဘာဖြစ်လို့မပါဝင်လာရတာလဲဆိုတဲ့ အမုန်းတရားတွေရှိနေနိုင်ပါတယ်။ ဒီ CDM ကိစ္စကို ရခိုင်တွေ မထောက်ခံတာမဟုတ်ဘူး။ ထောက်ခံကြပါတယ်။ ရခိုင်တွေပါဝင်ချင်တယ်။ ကျွန်တော့်အနေနဲ့လည်း ဒီ CDM လှုပ်ရှားတဲ့ လူတွေကိုချီးကျူးပါတယ်။ စိတ်ရှည်ရှည်နဲ့လုပ်နေကြတဲ့အတွက် အောင်မြင်ပါစေလို့လည်း ဆုတောင်း ပေးနေပါတယ်။ ကျေးဇူးတင်ပါတယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...