မွန်ပြည်နယ် မြို့နယ်လေးခုတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း

မွန်ပြည်နယ် မြို့နယ်လေးခုတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ် ဘီးလင်း၊ သထုံ၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်တို့တွင် ပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ 

 

အဆိုပါ အုပ်ချုပ်ရေးအဖွဲ့တွင် ဒေသခံ ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ NLD ၏ မြို့မိမြို့ဖများ၊ CDM လှုပ်ရှားမှုဝန်ထမ်းများနှင့် လူငယ်များကိုစုစည်း၍ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်များအရ သိရသည်။ 

 

ဘီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုအဖွဲ့ဝင် ၂၃ ဦးဖြင့်လည်းကောင်း၊ သထုံမြို့နယ်တွင် ၁၅ ဦးဖြင့်လည်းကောင်း၊ ကျိုက်မရောမြို့နယ်တွင် ၂၂ ဦးဖြင့်လည်းကောင်း မတ် ၂ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးပေါင်မြို့တွင် အဖွဲ့ဝင် ၁၉ ဦးဖြင့် မတလ ၃ ရက်က ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို မြို့နယ် ဒေသခံပြည်သူများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာ ယာရေးအတွက် အစုအဖွဲ့များဖြင့် ဖွဲစည်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိ-မြို့ဖ ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ၊ CDM လှုပ်ရှားမှုတွင်ပါဝင်သော ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လူငယ်များအဖွဲ့မှ ကိုယ်စားလှယ် များပါဝင်ကြောင်း သိရသည်။

အလားတူ ကချင်ပြည်နယ်တွင်လည်း အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းလျက်ရှိရာ မတ ၂ ရက်က မြစ်ကြီးနားမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ် တော်ကိုယ်စားလှယ်များ အပါအဝင် မြို့မိမြို့ဖများ CDM တွင်ပါဝင်သော နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ်၊ ပရဟိတကိုယ်စားလှယ်၊ အရပ်ဖက်အဖွဲ့အစည်းများ ကိုယ်စားလှယ်၊ လူငယ်ကိုယ်စားလှယ်၊ ပါဝင်သင့် ပါဝင်ထိုက်သူများ ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင် ၂ ဦး စုစုပေါင်း အဖွဲ့ဝင် ၂၁ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ဖြစ်သည်။

 

ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့၏ သက်တမ်းသည် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးစာတမ်းပါ အခန်း ၆၊ အပိုဒ် (၁) အတိုင်း ၆ လသက်မှတ်ထားကြောင်း ဖော်ပြထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...