ချင်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများအားလုံး ဝန်ကြီးအိမ်ရာမှ ယနေ့ထွက်ခွာမည်

ချင်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများအားလုံး ဝန်ကြီးအိမ်ရာမှ ယနေ့ထွက်ခွာမည်

ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌများအပါအဝင် ဝန်ကြီးများအားလုံးကို ဝန်ကြီးအိမ်ရာမှ ထွက်ခွါကြရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်လိုက်ပြီး ယနေ့ညနေပိုင်း ၆ နာရီအတိုင်ခင် မိမိနေအိမ်များသို့ အသီးသီးပြန်ကြမည်ဟု ချင်းပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်က ပြောသည်။

 

“မနေ့က ညနေပိုင်း ၅ နာရီလောက်လာပြောပါတယ်။ ဒီနေ့ ညနေ ၆ နာရီအပြီးပေါ့၊ သွားလို့ရပြီ၊ ပြန်လို့ရပြီ၊ ဝန်ကြီးချုပ်တို့ ဥပဒေချုပ်တို့ရောအားလုံးပါပဲ။ ကိုယ့်အိမ်ကိုပဲပြန်ရမယ်။ ဒီမှာဆိုရင် အပြင်မထွက်ရဘူး။ ကိုယ့်အိမ်မှာနေရတော့မယ်ဆိုရင် အချုပ်အနှောင်မရှိတော့ဘူးပေါ့။ သူတို့က အာဏာသိမ်းတယ်လို့မပြောပေမယ့်လည်း အစိုးရလုပ်ငန်းကို အုပ်ချုပ်ရေးကောင်စီက တာဝန်ယူတာဆိုတော့လေ ဝန်ကြီးအဟောင်းတွေကို ပြန်ခိုင်းတဲ့သဘောဖြစ်မယ်ထင်တယ်” ဟု ဝန်ကြီး ဦးပေါင်လွန်မင့်ထန်က ပြောသည်။

 

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်သည် ဟားခါးမြို့ရှိ ဝန်ကြီးအိမ်ရာမှ ယနေ့မွန်းလွဲပိုင်းတွင်ထွက်ခွါပြီး နေပြည်တော်ရှိနေအိမ်သို့ ပြန်သွားမည်ဟုလည်း လူမှုရေးဝန်ကြီးကပြောသည်။

 

ချင်းပြည်နယ်ဝန်ကြီးချူပ် ဆလိုင်းလျန်လွယ်၊ လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့အပါအဝင် ချင်းပြည်နယ်ဝန်ကြီးအားလုံးကို တပ်မတော်က ဖေဖော်ဝါရီ ၁ ရက် နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ဖမ်းဆီးခဲ့ပြီး ဝန်ကြီးအိမ်ရာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...