ရှမ်းတိုင်းရင်းသာများဒီမိုကရက်တစ်ပါတီပါတီ(SNDP)အာဏာသိမ်းစစ်ကောင်စီကဖွဲ့စည်းထားသည့်ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြုလုပ်သည့်အစည်းအဝးတက်ရောက်မှုက ရှမ်းတိုင်းရင်းသားများနှင့် ပြည်သူ ပြည်သားများအပေါ် စော်ကားခြင်းသာဖြစ်ဟု ပြည်တွင်းပြည်ပမှ သျှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီတက္ကသိုလ်များက ပူးတွဲကြေညာချက်တစ်စောင်ကို ဖေဖော်ဝါရီ ၂၈ရက်နေ့စွဲဖြင့် ထုတ်ပြန် ခဲ့သည်။
အဆိုပါ ကော်မတီများ၏ ထုတ်ပြန်ချက်တွင် မြန်မာတစ်နိင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြမှုများ၊ နိုင်ငံအတွင်းရှိ ပြည်သူ့ဝန်ထမ်းများမှ CDMပြုလုပ်နေစဉ် SNDP က ၎င်းတို့၏ စိတ်ဆန္ဒဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ UEC အစည်းအဝေးကို တက်ရောက်ခြင်းသည် စစ်အာဏာသိမ်းရာကို အသိအမှတ် ပြုရာရောက်သည်ဟု မှတ်ယူကြောင်း၊ ထို့ပြင် ၂၀၁၅ရွေးကောက်ပွဲနှင့် ၂၀၂၀ရွေးကောက်ပွဲနှစ်ခုလုံးတွင် SNDP အနေဖြင့် တစ်နေရာသာအနိုင်ရရှိခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏ UEC အစည်းအဝေးသို့ တက်ရောက်ခြင်းသည် ရှမ်းတိုင်းရင်းသားများကို လုံးဝကိုယ်စားမပြုကြောင်းနှင့် SNDP၏လုပ်ရပ်များသည် မိမိတို့ရှမ်းတိုင်းရင်းသားများ နှင့် ပြည်သူပြည်သားများအား စော်ကားလိုခြင်းသာဖြစ်ပြီး ၎င်းလုပ်ရပ်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ ကြောင်း ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်ကို ပင်လုံ၊ ရန်ကုန်၊ မန္တလေး၊မိုးညှင်း၊တောင်ကြီး နှင့်ကျိုင်းတုံများရှိ ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ၊ မြန်မာနိုင်ငံရှမ်းလူငယ်ကွန်ရက်၊ သျှမ်းလူငယ်အဖွဲ့နှင့် ရှမ်းတိုင်း ရင်းသားများအသင်း(ထိုင်နိုင်ငံ)နှင့်သျှမ်းကျန်းမာရေးမိသားစုက ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည