လွိုင်ကော်တွင် မူလတန်းပြ ဆရာ၊ ဆရာမများကို ခံဝန်ရေးထိုးမှ လစာထုတ်ပေးနေ

လွိုင်ကော်တွင် မူလတန်းပြ ဆရာ၊ ဆရာမများကို ခံဝန်ရေးထိုးမှ လစာထုတ်ပေးနေ
by -
နော်ဒွေးအယ်ခူ (KT)

လွိုင်ကော်မြို့နယ်တွင် မူလတန်းပြ ဆရာ၊ဆရာမများကို CDM တွင်ပါဝင်ကြောင်း သို့မဟုတ် တခြားအကြောင်း အရာ တခုခုကြောင့် ကျောင်းမတက်ရခြင်းဖြစ်ကြောင်း ခံဝန်လက်မှတ်ထိုးမှသာ လစာထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

 

“မနေ့ညကတော့ ဒီလိုပြသာနာတစ်ချက်တော့ဖြစ်သွားတယ်ပေါ့နော်။ ဒီCDM စာရင်းမှာ လက်မှတ်မထိုးတာဖြစ် ဖြစ်၊ အကြောင်းအရာတစ်ခုခုကိုမဖော်ပြတာဖြစ်ဖြစ် လစာမပေးထုတ်ဘူးဆိုတဲ့ အခြေအနေအထိတော့ရောက် သွားတာရှိတယ်ပေါ့နော်။ ကျွန်တော်ကအဲ့အခြေအနေထိပဲသိတယ်။ တစ်ချို့ဝန်ထမ်းတွေကလည်း အဲ့လိုလက် မှတ်ထိုးခိုင်းမယ်ဆိုရင် လစာဆက်မထုတ်တဲ့ဝန်ထမ်းတွေလည်းရှိတယ်။ လက်မှတ်လည်းမထိုးဘူး၊ လစာလည်း မထုတ်ဘူးဆိုတဲ့ဝန်ထမ်းတွေရှိတယ်”ဟု ကယားပြည်နယ်လုံးဆိုင်ရာ ဆရာများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြော သည်။

 

ထိုအခြေအနေမျိုး လွိုင်ကော်မြို့နယ်ရှိ မူလတန်းပြ ဆရာ၊ဆရာမမ များ အဓိကကြုံနေကြရပြီး မူလတန်းပြ ဆရာ၊ဆရာမများ၏ လစာကို မြို့နယ်ပညာရေးမှူးကနေတစ်ဆင့် မူလတန်းကျောင်းအုပ်တွေကိုထုတ်ပေးရသည့် အတွက်ထိုပြဿနာဖြစ်ရကြောင်းနှင့် မြို့နယ်ပညာရေးမှူးနှင့်သာ အဓိကသက်ဆိုင်ကြောင်း ၎င်းကဆက်လက် ပြောသည်။

 

ယင်းသို့ ခံဝန်ထိုးခိုင်းခြင်းသည် ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်တစ်မြို့နယ်တည်း၌ ပြုလုပ်နေခြင်း ဖြစ်ပြီး ဖရူဆို၊ ဒီးမော့ဆိုနှင့်အခြားမြို့နယ် များတွင် ပုံမှန်အတိုင်းသာဖြစ်ကြောင်း အလယ်တန်းကျောင်းအုပ် ဆရာမတစ်ဦးက ပြောသည်။

 

“လွိုင်ကော်မြို့မှာဖြစ်နေတယ်။ ဒီကိစ္စက CDM လုပ်ရင်မထုတ်ပေးဘူးစသည်ဖြင့် အဲ့လိုဖြစ်နေတယ်။ နောက်ပြီး တော့ CDM မလုပ်ဘူးဆိုလည်း လက်မှတ်ထိုးပြီးတော့လစာထုတ်ပေါ့။ အဲ့လိုမျိုးလုပ်ကြတယ်။ လွိုင်ကော်မြို့ နယ်မှာတော့။ ဒီးမော့ဆိုမဖြစ်ဘူး ဖရူဆိုမဖြစ်ဘူး။ တစ်ခြားမြို့နယ်တွေလည်းမဖြစ်ဘူး” ဟု ၎င်းက ပြောသည်။

 

၎င်းအကြောင်းအရာနှင့်ပတ်သက်ပြီး လွိုင်ကော်မြို့နယ်ပညာရေးမှူးကိုဆက်သွယ်မေးမြန်းရာ CDM ပြုလုပ်သည့် ဝန်ထမ်းများကို ခံဝန်လက်မှတ်ထိုးခိုင်းခြင်းဆက်မလုပ်တော့ဟု ဆိုသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...