ကျောင်းသားလူငယ်များ၏ ထိုင်သပိတ်ကြောင့် EPC ရုံး ငွေလက်ခံကောင်တာ ယာယီပိတ်သိမ်းခဲ့ရ

ကျောင်းသားလူငယ်များ၏ ထိုင်သပိတ်ကြောင့် EPC ရုံး ငွေလက်ခံကောင်တာ ယာယီပိတ်သိမ်းခဲ့ရ
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ (EPC) ရုံးရှေ့တွင် တောင်ကြီးတက္ကသိုလ် ကျောင်းသားလူငယ်များက ထိုင်သပိတ်ပြုလုပ်ကာ မီတာခ အခွန်မဆောင်ရေးနှင့် ဝန်ထမ်းများ CDM တွင် ပါဝင်လာစေရေး ဆန္ဒပြတောင်းဆိုမှုကြောင့် ငွေလက်ခံကောင်တာ ယာယီပိတ် သိမ်းခဲ့ရကြောင်းသိရသည်။

အဆိုပါ ကျောင်းသားလူငယ်များသည် ဖေဖော်ဝါရီ ၂၄ ရက် မနက် ၈ နာရီခန့်မှစပြီး ထိုင်သပိတ်ပြုလုပ်ကာ စစ်အာဏာသိမ်းအစိုရကို ဆန့်ကျင်သည့်အနေဖြင့် မီတာခပေးခြင်းမပြုရန် လှုံ့ဆော်ခဲ့ကြခြင်းဖြစ်ပြီး ကျွန်တော်တို့ကို ပစ်မယ့်ကျည်ဆံတွေအတွက် အခွန်ဆောင်ရမှာလား၊ အခွန်မဆောင်ခြင်းဖြင့် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြ၊ အခွန်မဆောင်ခြင်းသည် CDM ကို အထောက်အကူဖြစ်သည် စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်လျက် ဆန္ဒပြခဲ့ကြသည်။

ယင်းသို့ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့များရောက်ရှိလာကာ ဆန္ဒပြကျောင်းသားလူငယ်များအား EPC ရုံးရှေ့တည့်တည့်တွင် မနေကြရန် လမ်းတစ်ဖက်တွင်သာ ဆန္ဒပြရန် ပြောဆိုခဲ့သောကြောင့် ကျောင်းသားများမှာ လမ်းအလယ်ကျွန်းတွင်ရပ်ကာ ဆက်လက်ကြွေးကြော်ဆန္ဒပြခဲ့ကြပြီး အနီးနားရှိ လက်ဖက်ရည်ဆိုင်များမှ ပိတ်သိမ်းသွားသည်ကိုလည်း တွေ့မြင်ရသည်။

EPC ရုံးအတွင်းတွင်လည်း စစ်သားများ၊ ရဲများဖြင့် စောင့်ကြပ်လျက်ရှိပြီး နေ့လည် ၁၂ နာရီတွင် ငွေလက ်ခံကောင်တာ ယာယီပိတ်သိမ်းကြောင်း ဆိုင်းဘုတ်ထောင်ထားသည်ကို တွေ့မြင်ရပါသည်။

တောင်ကြီး EPC ရုံးဝန်ထမ်းများ အချို့သည် စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း CDM တွင် ပါဝင်လာသူများရှိပြီး လမ်းလျှောက်ဆန္ဒပြရာတွင်လည်း ပါဝင်ခဲ့ကာ CDM တွင် ပါဝင်သောဝန်ထမ်းများကိုလည်း ဖမ်းဆီးအရေးယူမှုများရှိခဲ့ကြောင်း သိရပါသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...