ပူတာအိုအထက်တန်းကျောင်းရှိ ပညာရေး၀န်ထမ်းများအနေဖြင့် CDM မှာပါ၀င်ပါက လစာရရှိ မည်မဟုတ်ကြောင်း အထက်အရာရှိမှ ဖိအားပေးနေကြောင်း ပညာရေး၀န်ထမ်း တစ်ဦးထံမှ သိရသည်။
“စစ်တပ်ကနေပြီးမှ ရုံးတက်ရုံးဆင်းလက်မှတ်တွေ၊ CDMမှာပါ၀င်တဲ့ စာရင်းတွေတောင်းခိုင်းတဲ့အတွက် ဆရာကြီးက CDM လုပ်မလုပ်၊ လုပ်လို့ရှိရင် လစာမရဘူး။ မလုပ်လို့ရှိရင် လစာထုတ်ပေးမယ်လို့ပြောလာတယ်” ဟု ၎င်းကပြောသည်။
ပူတာအိုအထက်တန်းကျောင်းရှိ ပညာရေး၀န်ထမ်းများအနေဖြင့် CDM လှုပ်ရှားမှုတွင် ယခင်ကတည်းက ပူးပေါင်းပါ၀င်လျက်ရှိပြီး ဆက်လက်ပါ၀င်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။
"လခထုတ်တာနဲ့ပတ်သတ်ပြီး လက်မှတ်ထိုးခိုင်းတာတို့၊ CDM လုပ်မလုပ်ပြတ်ပြတ် သားသားဆုံးဖြတ် ခိုင်းလာလို့ရှိရင် ကျွန်မတို့က CDM ပဲလုပ်မယ်လို့ တိုင်ပင်ထားတာရှိတယ်။" ဟု ပြောသည်။
ထို့ပြင် CDMလုပ်ရန်ခဲယဉ်းသည့် မိုးညှင်းခရိုင်ထွေအုပ်ရုံးမှ ဝန်ထမ်းအမျိုးသမီးတစ်ဦး CDM စတင်လုပ်ဆောင်နေ ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝန်ထမ်းအမျိုးသမီးသည် CDM လုပ်ဆောင်နေပြီဖြစ်ကြောင်းကို သူ့မ၏ ဖေ့စ်ဘုတ်လူမှု့ကွန်ရက်စာ မျက်နှာတွင်“ကျွန်မသည် မိုးညှင်းခရိုင်ထွေ/အုပ်ရုံးမှ ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သည် ဒီနေ့မှစ၍ CDM ပြုလုပ်ပါမည်။ကျွန်မ CDM လုပ်ခြင်းသည် အထက်လူကြီးကိုမလေးစား ၍မဟုတ်။မုန်း၍ မဟုတ်။ အာဏာရှင်စ နစ်ကိုတွန်းလှန်ခြင်းသာဖြစ်သည်။မတရားမှုကိုတော်လှန်ခြင်းဖြစ်သည်။ကျွန်မ CDM ပြုလုပ်ခြင်းသည်ကျွန်မနှင့် သာသက်ဆိုင်သည်အထက်လူကြီးများနှင့်မသက်ဆိုင်ပါ” ဟု ရေးသားခဲ့သည်။