လူတစ်စု၏ တပ်ထောက်ခံပွဲကို တောင်ကြီးဒေသခံများ အကြမ်းမဖက် သံပုံးတီးဆန့်ကျင်

လူတစ်စု၏ တပ်ထောက်ခံပွဲကို တောင်ကြီးဒေသခံများ အကြမ်းမဖက် သံပုံးတီးဆန့်ကျင်
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

တောင်ကြီးမြို့နယ်၊ အေးသာယာ၊ နောင်အင်လောလုံးကွင်းအတွင်း လူတစ်စုမှ တပ်မတော်ထောက်ခံပွဲကျင်းပနေစဉ် ဒေသခံပြည်သူများက သံပုံးတီးဆန့်ကျင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက်ကဖြစ်ပွားခဲ့ပြီး တပ်မတော်ထောက်ခံပွဲ ဦးဆောင်ကျင်းပသူ ဒေါ်ညွှန့်စိန် (ခ) ဒေါ်မူစိန်းသည်လည်း အေးသာယာဒေသခံမဟုတ်ကြောင်း သိရသည်။ 

“ကျွန်တော်တို့ဆီကမဟုတ်ပဲ တစ်ခြားကလာပြီး ဒီလိုလူထုလက်မခံတဲ့ တပ်ထောက်ခံပွဲတွေလာလုပ်တာ။ နောင်အင်ကွင်းမှာ နှစ်ခါရှိသွားပြီ ဒီတစ်ခါတော့ ဒီကလူတွေ သည်းမခံနိုင်တော့ဘူး။ ဒါကြောင့် အကြမ်းဖက်နည်းမသုံးပဲ သံပုံးတီး ဆန့်ကျင်ကြတာပါ” ဟု အေးသာယာ ဒေသခံ တစ်ဦးကပြောသည်။

ထိုတပ်ထောက်ခံပွဲအား ကနဦး အစီအစဉ်အရ တောင်ကြီးမြို့ပေါ်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း တောင်ကြီးမြို့ပေါ်ရှိဒေသခံများနှင့် တိုင်းရင်းသားများက မလိုလားကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားကြသောကြောင့် အေးသာယာတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အေးသာယာမြို့ဒေသခံများအနေနှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်သော ဆန္ဒပြပွဲများကို အဆိုပါ စစ်တပ်ထောက်ခံပွဲ ပြုလုပ်သည့်နေ့မှစ၍ နေ့စဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...