ဟားခါးတက္ကသိုလ်တွင် CDM ဝင်သည့် ပညာရေးဝန်ထမ်းများ ဖိအားပေးခံရမှုကြောင့် တချို့ ရုံးပြန်တက်နေရ

ဟားခါးတက္ကသိုလ်တွင် CDM ဝင်သည့် ပညာရေးဝန်ထမ်းများ ဖိအားပေးခံရမှုကြောင့် တချို့ ရုံးပြန်တက်နေရ

ချင်းပြည်နယ် ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်တစ်ခုလုံး CDM လှုပ်ရှားမှုတွင် ပါဝင်ကြောင်း ကြေညာထားသော်လည်း စီမံဘဏ္ဍာဌာန ဝန်ထမ်းများအား ရုံးတက်ရန် နေ့စဉ်ဖိအားပေးမှု ရင်ဆိုင်နေရသဖြင့် အချို့မှာ မတက်သာသဖြင့် ရုံးပြန်တက်နေရကြောင်း ၎င်းဝန်ထမ်းများထံမှ သိရသည်။

 

ဟားခါးတက္ကသိုလ်တွင် ဝန်ထမ်းပေါင်း ၂၆၀ ကျော်ရှိပြီး ဌာနလူကြီးများမှ CDM ဝင်သည့် ဆရာ/ဆရာမများကို ရုံးပြန်တက်ရန် မပြောဆိုရဲခြင်းမရှိသော်လည်း လက်အောက်ဝန်ထမ်းအငယ်များအား ရုံးပြန်တက်ရန် ဖိအားပေးမှုပြုလုပ်သဖြင့် ၁၀ ဦးခန့် ရုံးပြန်တက်နေကြောင်း ဖိအားပေးခံရသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

 

ချင်းပြည်နယ်တွင် အစိုးရဝန်ထမ်းများသည် အာဏာရှင်စနစ်လက်အောက်တွင် အလုပ်မလုပ်လိုကြောင်း ဖော်ပြသည့်အနေဖြင့် CDM လှုပ်ရှားမှုတွင် အများအပြား ဝင်ရောက်လှုပ်ရှားမှုများရှိပြီး အထက်အရာရှိများမှ ဖိအားပေးမှုများလည်း ရင်ဆိုင်နေရကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...