ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပြည်သူများနှင့်အတူ သမဝါယမဦးစီးဌာနမှ ဝန်ထမ်း ၂၀ ဦးနှင့် စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းပါဝင်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ သောင်းနှင့်ချီသည် ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) နောင်ယားကန်တွင် မနက် ၇ နာရီခန့်တွင် လူစု၍ မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ရုံးဝန်ထမ်းများ CDM တွင် ပူးပေါင်းပါဝင်လာရေး ထိုင်သပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
CDM လုပ်ဆောင်သ်ည့ ပြည်သူ့ဝန်ထမ်းများကို အထက်ကအရာရှိများက ဖိအားပေးနေခြင်းကြောင့် ဝန်ထမ်းတချို့သည် ဆန္ဒပြနေချိန် ၎င်းတို့၏ ဝန်ထမ်းဝတ်စုံတွေကို ဝတ်ဆင်ခြင်းမပြုသော်လည်း ဆန္ဒပြရာတွင် ပူးပေါင်းပါဝင်နေသည်ကို တွေ့ရသည်။
ထိုသို့ ထိုင်သပိတ်ပြုလုပ်နေစဉ် တပ်နှင့် ရဲတပ်ဖွဲ့က လူစုခွဲဖို့ စတင်ပြင်ဆင်လာရာ ဆန္ဒပြပြည်သူများနေဖြင့် ထိပ်တိုက်တွေ့ဆုံခြင်းမပြုလုပ်ပဲ ထိုင်သပိတ်မှထ၍ မြို့ထဲသို့ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
Published
Wednesday, February 17, 2021
လွိုင်ကော်တွင် ဆန္ဒပြပြည်သူများနှင့်အတူ သမဝါယမဝန်ထမ်းနှင့် စည်ပင်သာယာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်လာ