တပ်မတော်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် အဖမ်းခံရသူ ၃၈ ဦးရှိ၊အများစုမှာ ရွေးကောက်ပွဲကော် မရှင်မှ ဝန်ထမ်းများဖြစ်

တပ်မတော်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် အဖမ်းခံရသူ ၃၈ ဦးရှိ၊အများစုမှာ ရွေးကောက်ပွဲကော် မရှင်မှ ဝန်ထမ်းများဖြစ်

မြန်မာ့တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာလုယူခဲ့ပြီးနောက် ချင်းပြည်နယ်တွင် ဝန်ကြီးချူပ်အပါအဝင် ဖမ်းဆီးထိမ်းသိန်းခံရသူ ၃၈ ဦးအထိရှိခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ စာရင်းအရ သိရသည်။

 

“ချင်းပြည်နယ်မှာ ဒီနေ့အထိ အဖမ်းခံရတဲ့သူက ၃၈ ဦးရှိတယ်။ ပုဒ်မလည်းမရှိဘူး၊ ဘာအကြောင်းပြချက်မှလည်းမရှိဘူး။ အဖမ်းခံရတဲ့သူတွေနဲ့ အဆက်အသွယ်ရနိုင်ဖို့ ကြိုးစားပေမယ့်လည်း ခွင့်ပြုချက်မရဘူး”ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်ကပြောသည်။

 

အဆိုပါအဖမ်းခံရသူများအနက် လေးဦးမှာ ဖေဖော်ဝါရီ ၁၁ ရက်က ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း အခြားဖမ်းဆီးခံရသူများမှာ မည်သည့်သတင်းမှ မကြားသိရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောသည်။

 

တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသူ ၃၈ ဦးထဲတွင် အများစုမှာ ရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းများဖြစ်ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရုံးများမှ ရွေးကောက်ပွဲကော်မရှင်တာဝန်ခံအရာရှိ ၂၁ ဦးအထိရှိပြီး အခြားသူများမှာ ဝန်ကြီးချုပ်အပါအဝင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌ နှင့် ဒုလွှတ်တော်ဥက္ကဌတို့ ဖြစ်ကြောင်းသိရသည်။

 

ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာမြို့ရှိ တပ်ကုန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး ကန်ပက်လက်မှ ကော်မရှင် အရာရှိ နှစ်ဦးကိုမူ မင်းတပ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့ထံမှ သိရသည်။

 

လက်ရှိတွင် တပ်မတော်၏ အာဏာလုယူမှုကို ကန့်ကွက်ကြောင်း ဖော်ပြသည့်အနေဖြင့် ချင်းပြည်နယ်ရှိ မြို့နယ် တိုင်းတွင် ဆန္ဒဖော်ထုတ်ပွဲများ ဆင်နွှဲလျက်ရှိပြီး ဆန္ဒထုတ်ဖော်သူတချို့ကို ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးနိုင်ရေး လုပ်ဆောင်နေကြောင်းလည်း  သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...