အာဏာရှင်ကို ဆန့်ကျင်သော လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကယားပြည်နယ်မှ ထွေအုပ်ဝန်ထမ်းနှစ်ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
တာဝန်မှ ရပ်ဆိုင်းခံရသူနှစ်ဦးသည် လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးနှင့် နန်းမယ်ခုံမြို့ အုပ်ချုပ်ရေးမှူးတို့ဖြစ်ပြီး ၎င်းတို့ကို တာဝန်မှယာယီရပ်ဆိုင်းလိုက်ကြောင်း ဖေဖော်ဝါရီ၁၁ရက် နေ့စွဲဖြင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်လိုကခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အရေးယူမှုသည် ကယားပြည်နယ်တွင် အာဏာရှင် ဖီဆန်သော လူထုလှုပ်ရှားမှုတွင် ပါဝင်သည့် ပြည်သူ့ ဝန်ထမ်းများထဲတွင် ပထမဆုံးအရေးယူခြင်းဖြစ်ကြောင်းနှင့် ကယားပြည်နယ်တွင် အားဏာရှင် ဖီဆန်သည့် ပြည်သူဝန်ထမ်းများ တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာကြောင်း သိရသည်။
လက်ရှိတွင် အာဏာဖီဆန်သော လူထုလှုပ်ရှားမှုပြု လုပ်နေသည့် ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးဉာဏ်လှိုင်ကိုယ်တိုင် တိုင်ကြားမှုများပြုလုပ်နေပြီး အရေးယူခြင်းမရှိသေးပေ။
Published
Friday, February 12, 2021
အာဏာရှင်ဖီဆန် လူထုလှုပ်ရှားမှု ပြုလုပ်တဲ့ ထွေအုပ်ဝန်ထမ်းနှစ်ဦး တာဝန်မှယာယီရပ်ဆိုင်းခံရ