ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖေဖော်ဝါရီ ၁၀ ရက်က ဆန္ဒပြပွဲတွင် ပြည်သူနှင့်အတူ ဆန္ဒဖော်ထုတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက ခေတတ္တရဲများဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်မှုမှာ မှန်ကန်ခြင်းမရှိကြောင်း ကယားပြည်နယ် သပိတ်ကော်မတီမအဖွဲ့က ထုတ်ပြန်လိုက်သည်။
အဆိုပါပြည်နယ် လွိုင်ကော်မြို့တွင် ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီ (၁၀) ရက်ကပြုလုပ်သည့် ဆန္ဒပြပွဲ သုံးရက်မြောက်နေ့တွင် CDM တွင် ရဲတပ်ဖွဲ့ဝင် ၅၂ ဦးသည် ပြည်သူနဲ့အတူ ပါဝင်လာခဲ့ပြီး ထိုသို့ပါဝင်လာသည့် ရဲများကို အစစ်ဟုတ်/မဟုတ် ပြည်သူများကြားအငြင်းပွားမှုများလည်း ကျယ်လောင်ခဲ့သည်။
ထိုအခြေအနေကို အခွင့်ကောင်းယူ၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း သန္ဓေရဲတပ်ဖွဲ့ဝင်မဟုတ်ဘဲ အလုပ်အကိုင်အခွင့်အလမ်းအတွက် ဒေသခံများကို စုဖွဲ့ခန့်အပ်ထားတဲ့သူများသာဖြစ်သည်ဟုဆိုကာ ထုတ်ပြန်ခဲ့သဖြင့် ကယားပြည်နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထု လှုပ်ရှားမှု သပိတ်ကော်မတီက ယင်းထုတ်ပြန်ချက် မှန်ကန်မှုမရှိကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ချက်ထုတ်ပြန်၍ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါကော်မတီအနေဖြင့် ပါဝင်ဆန္ဒပြခဲ့သော ရဲတပ်သားတွေရဲ့ အမည်မှန်နှင့် အမှတ်စဉ်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယခု အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြရာတွင် CDM က အရေးကြီသည့်အတွက် ဆက်လက်ဝန်းရံဆန္ဒပြရန် ယင်းကော်မတီက တိုက်တွန်းထားသည်။