Published
Wednesday, February 10, 2021
မိုးညှင်းမြို့ အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှု ဒုတိယနေ့ ဝန်ထမ်းပေါင်းစုံပါဝင်လာ
မိုးညှင်းမြို့တွင် ယခုရက်ပိုင်း အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှု အရှိန်မြင့်လာခြင်းနှင့်အတူ ဝန်ထမ်းပေါင်းစုံ ပါဝင်လာခဲ့သည်။
ယနေ့ မိုးညှင်းမြို့တွင် ဒုတိယနေ့အဖြစ် ဆန္ဒထုတ်ဖော်မှု၌ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်းများပူးပေါင်းပါဝင်လာခဲ့ကြသည်။
ဆန္ဒထုတ်ဖော်မှုတွင် လူငယ်ပါဝင်မှု အများဆုံးဖြစ်နေသည်လည်းတွေ့ရသည်။
လူငယ်များ ဆန္ဒထုတ်ဖော်မှုများ၌ ပါဝင်မှုသည် မြန်မာတစ်နိုင်ငံလည်းအတိုင်းအတာလည်းဖြစ်သည်။