ကလေးမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သည့် တတိယမြောက်နေ့ ဆန္ဒဖော်ထုတ်မှု ပြည်သူသိန်းချီပါဝင်

ကလေးမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သည့် တတိယမြောက်နေ့ ဆန္ဒဖော်ထုတ်မှု ပြည်သူသိန်းချီပါဝင်

တပ်မတော် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ကလေးမြို့တွင် တတိယမြောက်နေ့ ဆန္ဒေဖာ်ထုတ်မှုကို ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) နံနက်ပိုင်း ၉ နာရီက ဆက်လက်ဆင်နွှဲခဲ့ကြပြီး လူသိန်းချီပါဝင်ခဲ့ကြောင်းသိရသည်။

ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ပြည်သူများသည် နံနက်ပိုင်း ၉ နာရီတွင် ကံသူရလဘ္ကရည်ဆိုင်ရှေ့မှ စတင်ကာ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ကလေးမြို့အရှေ့ဘက်သို့ ချီတက်ထွက်ခွာခဲ့ကြသည်။

 

ဆန္ဒဖော်ထုတ်မှုစတင်ပြီး မကြာခင် တပ်မတော်စစ်ကား ခြောက်စီးသည် ဆန္ဒပြမှုစတင်ခဲ့သည့် ဆုံမှတ် ကံသူရလဘ္ကရည်ဆိုင်နှင့် နှင်းသက်သက်ဝေစတိုးဆိုင်အနီးသို့ ရောက်ရှိလာသဖြင့် ဆန္ဒဖော်ထုတ်သူများက လမ်းကြောင်းနှစ်ခုခွဲကာ ချီတက်ဆန္ဒပြပြီးနောက် နံနက်ပိုင်း ၁၁ နာရီကျော်ကျော်ခန့်တွင် လူစုခွဲ၍ ဆန္ဒပြမှုကို ငြိမ်းချမ်းစွာ ရပ်နားခဲ့ကြသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...