တပ်မတော်၏အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် သံပုန်းတီး ဆန္ဒဖော်ထုတ်မှုများအပေါ် ဖမ်းဆီးမှုများပြုလုပ်နေပြီး ချင်းပြည်နယ် ဟားခါးမြို့တွင် အဖမ်းခံရသူ လေးဦးရှိပြီဖြစ်ကာ ၎င်းတို့ကို တရားရုံးက ပုဒ်မ ၃၄ ဖြင့် ထောင်ဒဏ်ရှစ်ရက်နှင့် ဒဏ်ငွေ ၅၀ ကျပ် ပြစ်ဒဏ်အဖြစ်ချမှတ်ခဲ့ကြောင်း သိရသည်။
“မနေ့ညက ကျွန်တော့်သူငယ်ချင်းရဲ့အဖေက သူ့အိမ်ဝင်းထဲမှာ သံပုံးတီးတာကို ကြည့်ဖို့ထွက်လာတာကို လာခေါ်သွားတာ။ ကျွန်တော်တို့သွားတော့ တခြားလူငယ်သုံးဦးကိုလည်း ဖမ်းထားတာတွေ့ရတယ်။ ဖေဖော်ဝါရီ ၄ ရက်ကတော့ ဒဏ်ငွေ ငါးဆယ်နှင့် တစ်ညဘဲချုပ်မယ်ဆိုပြီး ပြောတယ်။ ဖေဖော်ဝါရီ ၅ ရက်ကျတော့ ထောင်ဒဏ် ၈ ရက်ဆိုပြီး ပြောင်းသွားတယ်” ဟု ရဲစခန်းသွားရောက်ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။
သံပုံးတီးမှုကြောင့် အဖမ်းခံရသူလေးဦးအနက် တစ်ဦးမှာ အသက် ၆၀ ရွယ်အမျိုးသားဖြစ်ပြီး၊ ကျန်သုံးဦးမှာ လူငယ်များဖြစ်ကာ လမ်းပေါ်ထွက်ပြီး သံပုံးတီးရာ အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
Published
Sunday, February 07, 2021
ဟားခါးမြို့တွင် သံပုံးတီးမှုကြောင့် အဖမ်းခံရသူလေးဦးရှိပြီး ထောင်ဒဏ်ပါချမှတ်နေ