အာဏာသိမ်းတပ်မတော်က ခန့်အပ်လိုက်သည့် ရခိုင်ပြည်နယ် စီမံကိန်းအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း တာဝန်ထမ်းဆောင်ရန် ဖေဖော်ဝါရီ ၄ ရက်က တောင်ကုတ်မြို့မှ စစ်တွေမြို့သို့ စစ်ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တာဝန်ထမ်းဆောင်မည့် အခြေအနေနှင့်ပတ်သက်၍ ဒေါက်တာအောင်ကျောမင်းအား ယခုလို ဆက်သွယ်မေးမြန်းခဲ့သည်။
မေး - ဒေါက်တာခင်ဗျား။ အခုလက်ရှိ စစ်တွေကိုရောက်နေပါပြီလား။
ဒေါက်တာအောင်ကျော်မင်း - အခု ကျွန်တော်လောလောဆယ် ရဟတ်ယာဉ်ကို စောင့်နေပါတယ်။ ဟိုဟာလောက်မှ ဆက်သွယ်ပါ။
မေး - ဒေါက်တာ စတင်ပြီးတော့ တာဝန်ထမ်းဆောင်နေပြီလား သိချင်လို့ပါ။
ဒေါက်တာအောင်ကျော်မင်း - စစ်တွေကို မရောက်သေးဘူး။ စစ်တွေကို မရောက်သေးဘူး။ ဒီနေ့ (ဖေဖော်ဝါရီ ၄ ရက်) ဆိုရောက်မယ်။
မေး - အဲဒီတော့ ဘယ်နေ့လောက် တာဝန်ထမ်းဆောင်မှာပါလဲ။
ဒေါက်တာအောင်ကျော်မင်း - အခုက မပြောနိုင်သေးဘူး။ ဗြုန်းစားကြီးဆိုတော့လေ။ အမြန်ဆုံးတော့ တိုင်းမှူးနဲ့တိုင်ပင်ပြီးတော့ အမြန်ဆုံး ဆောင်ရွက်သွားမှာပေါ့။
မေး- နည်းနည်းလေး ပိုပြီးမေးချင်လို့ပါ။
ဒေါက်တာအောင်ကျော်မင်း - ဟိုဟာလေ။ အခုက ရဟတ်ယာဉ်နဲ့လာခေါ်နေတော့ ဖုန်းဖွင့်ထားလို့။ အခုလောလောဆယ် ဖြေဖို့အဆင်မပြေသေးဘူး။
ရခိုင်ပြည်နယ် စီမံကိန်းအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံရသည့် ဒေါက်တာအောင်ကျော်မင်းသည် ယမန်နေ့ ညနေပိုင်းက စစ်တွေသို့ ရောက်ရှိလာပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။