အာဏသိမ်းခြင်းအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်များ အမြန်ဆုံးပြန်လွှတ်ရန် SNLD ပါတီ သဘောထားထုတ်ပြန်တောင်းဆို

အာဏသိမ်းခြင်းအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်များ အမြန်ဆုံးပြန်လွှတ်ရန် SNLD ပါတီ သဘောထားထုတ်ပြန်တောင်းဆို
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

အာဏသိမ်းခြင်းအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် လှုပ်ရှား တက်ကြွသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက သဘောထားထုတ်ပြန်တောင်းဆိုလိုက်သည်။

အဆိုပါ သဘောထားထုတ်ပြန်ချက်ကို ယနေ့ (ဖေဖော်ဝါရီ ၃ ရက်) တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုမျှော်လင့်ချက်အရလည်းကောင်း၊ ယုံကြည်စွာစွဲကိုင်ထားသော စံတန်ဖိုးတစ်ရပ်ဖြစ်သည့် ဒီမိုကရေစီစံနှုန်းအရလည်းကောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသွားမည်ဟူသည့် အခြေခံမူအရလည်းကောင်း သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သည့်လုပ်ရပ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပြိမ်ချမ်းရေးဆိုင်ရာလုပ်ငန်းများနှင့် တိုင်းရင်းသာပြည်သူများအကြား ယုံပြည်မှုတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများအား ဆန့်ကျင်ထိခိုက်နေပါသဖြင့် အဆိုပါလုပ်ရပ်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့်  နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲဝိုင်းပေါ်တွင် ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်းကြောင်း တောင်းဆိုထားသည်။

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်၍ ပြည်သူလူထု၏ ဆန္ဒသဘောထားအတိုင်း မားမားမတ်မတ် ရပ်တည်သွားမည်ဖြစ်ပြီး မှန်မှန်ကန်ကန် တရားနည်းလမ်းတကျ ယှဉ်ပြိုင်အနိုင်ရရှိထားသည်များကို အသိအမှတ်ပြုလက်ခံရန် အခိုင်အမာတိုက်တွန်းကြောင်း ဖော်ပြထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...