နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအနီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝန်းရံသူ ရာချီက အင်အားပြ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ ၂၉ရက်၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း တို့ကို တိုင်ကြားထားသည့် စာချွန်တော် အမှုကိုလက်ခံသင့်၊ မသင့်ကြားနာရန် ဆုံးဖြတ်မည်ဖြစ်သည်။
ထိုသို့နေပြည်တော်တွင်အင်အားပြသည့်နည်းတူ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ ကြေးသွန်း ဘုရား အနီးတွင်လည်း လူတစ်ချို့က UEC ကန့်ကွက်ပွဲ၊ တပ်မတော် ထောက် ခံပွဲ ပြုလုပ်ခဲ့ ကြသည်။
တပ်မတော်ကလည်း မြို့နယ်ပေါင်း ၃၀၀ ကျော်ကို မဲစာရင်းပြန်လည်စိစစ်ရာတွင် မဲမသမာပြုနိုင်သော အရေအတွက်ရှစ်ဒဿမခြောက်သန်းကျော်တွေ့ရှိထားကြောင်းနှင့် ယင်းကိစ္စကို UECနှင့် အစိုးရက ဖြေရှင်းပေးရန် တောင်းဆိုထားသည်။
ထိုအပြင် တပ်မတော်က အာဏာသိမ်းရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟူသော ကောလာဟလ သတင်းများလည်း ပြည်သူများအကြား ထွက်ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတကာသံရုံများက ရွေးကောက်ပွဲရလာဒ်ကို ပြောင်းလဲလိုသည့် မည်သည့် လုပ်ရပ်ကိုမျှလက်ခံမည်မဟုတ်ဘဲ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ဒီကနေ့တွင် ကြေညာချက် ထုတ်ပြန်ထား သည်။
Published
Saturday, January 30, 2021
မဲမသမာမှု စာချွန်တော် လက်ခံသင့်၊ မသင့် ကြားနာမည့်နေ့တွင် ပြည်ခိုင်ဖြိုးဝန်းရံသူများ အင်အားပြ