ရှမ်းဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် နိုင်လွတ်လုံဥပဒေဖြင့် တိုင်ကြားခံရ

ရှမ်းဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် နိုင်လွတ်လုံဥပဒေဖြင့် တိုင်ကြားခံရ
by -
ယိင်းတိုင်း ၊ သျှမ်းသံတော်ဆင့်

ရှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နိုင်လွတ်လုံဥပဒေဖြင့် တောင်ကြီးမြို့မရဲစခန်းတွင် တိုင်ကြားခံရကြောင်း စုံစမ်းသိရသည်။

 

တာချီလိတ်မြို့ မြေယာကိစ္စကို ဖြေရှင်းခြင်းမရှိသည့်အတွက် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို  နိုင်လွတ်လုံ (နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးခြင်း) ဥပဒေ ပုဒ်မ-၆ ဖြင့် ဇန်နဝါရီ ၂၈ရက်က တိုင်ကြားခံရခြင်းဖြစ်ကြောင်း တောင်ကြီးမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

 

“တိုင်ကြားစာကိုတော့ လက်ခံထားတယ်။ ဒီတိုင်ကြားစာနဲ့ပတ်သက်ပြီးတော့ နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၆ အရ လာတိုင်တဲ့ သူကို ရက်ပေါင်း ၃၀ အတွင်း ပြန်အကြောင်းကြားရမယ်။ ဥပဒေအရအရေးယူဆောင်ရွက်ဖို့အတွက် ဆင့် ကဲ ဆင့်ကဲ အားလုံးကို တင်ပြရ မှာ ဖြစ်တယ် ။ အမှုက တိုက်ရိုက်ဖွင့်လို့မရဘူး။ အကြီး အကဲတစ်ယောက် ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ သက်ဆိုင်ရာတွေကို ကျနော်တို့ကတောင်းယူရမှာ တွေ ရှိတယ်။ ကျွန်တော်တို့က တော့ ဥပဒေအရပဲ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်သွားမယ် ” တောင်ကြီး မြို့ အမှတ်(၁) မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထက်နိုင်ဟိန်း ကပြောသည်။

 

အဆိုပါ ဥပဒေဖြင့် ဝန်ကြီးချုပ်အားတိုင်ကြားသူသည် တာချီလိတ်မှ မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးစိုင်းဆမ်ဆိုသူဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ လွယ်စတုံကျေးရွာအနီးရှိ မြေလွတ်၊မြေလပ်၊ မြေရိုင်းများ လုပ်ပိုင်ခွင့် နှင့် ပတ်သက်၍ ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

 

အဆိုပါမြေနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး သုတေတန သတင်းပြန်ကြားရေး နှင့် တိုင်ကြားဌာနက ကာယကံ ရှင်များနစ်နာမှုမရှိအောင် ဖြေရှင်းဆောင်ရွက်ပေးရန် ၂၀၁၆ ခုနှစ်ကတည်းကစ၍ ယနေ့အထိသုံး ကြိမ်တိုင်တိုင် ရှမ်းပြည်ဝန်ကြီးချုပ်ကို ညွှန်ကြားခဲ့သော်လည်း ဝန်ကြီးချုပ်က မဖြေရှင်းပေးသဖြင့် ယခုလို ရဲစ ခန်းတွင် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ ဘာကြောင့် နိုင်လွတ်လုံနဲ့ဖွင့် လဲဆိုရင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ရေးနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ ကာ ကွယ်ရေးဥပဒေရှိတယ် အဲ့ဒီဥပဒေ ပုဒ်မ နံပါတ် ၈ အပိုဒ်ခွဲ (ဆ) နိုင်ငံသားများ၏ ရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်စေ မရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်စေ သိမ်းယူခွင့်မရှိဘူး။ အဲ့တာကြောင့်ဖွင့်တာ။ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ တော် သမ္မတရုံးက ညွှန်ကြားချက်ကို မလိုက်နာလို့ဖွင့်တာ” ဟု မြေရှင်ဘက်က ထိုအမှုအား လိုက်ပါဆောင်ရွက် ပေးသူ ဦးသိန်းဝင်းက ပြောသည် ။

 

တာချီလိတ်မြို့ ၊ ဟောင်လိတ်ကျေးရွာ အုပ်စု ၊ လွယ်စတုံကျေးရွာ အနီး မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် ရရှိသော မြေယာ (၉၃.၁၉) ဧကအား အောက်ခြေရှိ အထွေ ထွေ အုပ်ချုပ်ရေး ဝန်ထမ်းများနှင့် မြေစာ ရင်းဦး စီးဌာန မှ ဝန်ထမ်းများက မြေကွက်များ ရောင်းချခြင်း ကိစ္စနှင့် ပတ်သက်၍ မြေပိုင်ရှင်က တင်ပြတိုင်ကြား ရာတွင်လည်း နိုင်ငံတော် သမ္မတရုံးက ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ကို စီစစ်တင် ပြစေခဲ့သည်။

 

ယင်းမြေယာ ကိစ္စအား ပြည်ထဲရေးဝန်ကြီးဌာနမှ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနသို့ တာဝန်ပေးစစ်ဆေး ချက်များအရ တိုင်ကြားမှုမှန်ကန်ကြောင်း၊ တရားဥပဒေနှင့် မညီသော လ/န ၃၉ အားချထားပေးခဲ့သော သက်ဆိုင်ရာဝန်ထမ်း များအား အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း နိုင်ငံတော် သမ္မတရုံး မှ သက် ဆိုင်ရာ ဝန်ကြီးဌာန များသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း တရားလိုများဘက်မှရှင်းလင်းချက်အရသိရပါ သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...