အနိုင်ရပါတီမဟုတ်၍ NLD က တွေ့ဆုံရန် ကမ်းလှမ်းခြင်းမခံရဟု ရှမ်းနီ (တိုင်လျန်) သွေးစည်းညီညွတ်ရေးပါတီပြော

အနိုင်ရပါတီမဟုတ်၍ NLD က တွေ့ဆုံရန် ကမ်းလှမ်းခြင်းမခံရဟု ရှမ်းနီ (တိုင်လျန်) သွေးစည်းညီညွတ်ရေးပါတီပြော

ရွေးကောက်ပွဲအနိုင်ရပါတီမဟုတ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခြင်းမခံရကြောင်း ရှမ်းနီ (တိုင်လျှန်) သွေးစည်းညီညွတ်ရေးပါတီမှ အထွေထွေအတွင်းရေးမှု စိုင်းနိုင်နိုင်ကျော်က ပြောသည်။

“အခုတွေ့ဆုံနေတာတွေကလဲ အနိုင်ရပါတီတွေ ကိုယ်စားလှယ်တွေကိုတွေ့တာဆိုတော့ ကျွန်တော်တို့က အနိုင်ရပါတီမဟုတ်တော့ ကျွန်တော်တို့ကို တွေ့ဆုံဖို့ပြောလာတာမျိုးတော့ မရှိပါဘူး” ဟု၎င်းကပြောသည်။

ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးနှင့် ညီညွတ်သောအစိုးရပေါ်ပေါက်လာရေးအတွက် ရည်ရွယ်၍ NLD အနေဖြင့် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံခြင်းကို ရွေးကောက်ပွဲနောက်ပိုင်း၌ ပြုလုပ်ခဲ့ရာ တိုင်းရင်းသားပါတီတစ်ချို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

“အခုမတွေ့သေးဘူးဆိုပေမယ့် နောက်ပိုင်တွေ့ဆုံမှုတွေ ရှိလာမယ်လို့ထင်တယ်ဗျ။ တိုင်းရင်းသားပါတီတွေကိုလည်း အိပ်ဖွင့်ပေးစာတွေလဲပို့ထားတယ်ဆိုတော့လေ။ နောက်တွေ့ဆုံမှုတွေရှိလာမှာပါ” ဟု ဦးစိုင်းနိုင်နိုင်ကျော်ကပြောသည်။

ရှမ်းနီ (တိုင်လျှန်) သွေးစည်းညီညွတ်ရေးပါတီသည် ပြီးခဲ့ပြီ ၂၀၂၀ ခုနှစ် အထွေအထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုယ်စားလှယ်လောင်း ၁၀ ဦးနှင့် ကချင်ပြည်နယ်တွင် ငါးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပါတီတစ်ခုဖြစ်ပြီး တစ်ဦးမှ အနိုင်မရရှိခဲ့ပေ။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...