တင်ဒါအောင်မြင်သော ကုမ္ပဏီများကို ပြန်လည်စစ်ဆေးပေးရန် ကချင်ပြည်နယ် အစိုးရအဖွဲ့ကို KSPP တောင်းဆို

တင်ဒါအောင်မြင်သော ကုမ္ပဏီများကို ပြန်လည်စစ်ဆေးပေးရန် ကချင်ပြည်နယ် အစိုးရအဖွဲ့ကို KSPP တောင်းဆို
by -
ခေါင်ညွယ်/ KNG

ကချင်ပြည်နယ်အစိုးရ၏ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများအတွက် တင်ဒါခေါ်ယူရာတွင် အောင်မြင်ခဲ့သောကုမ္ပဏီများကို ပြန်လည်စစ်ဆေးပေးရန် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)လူငယ်အဖွဲ့က ဝန်ကြီးချုပ် ထံ တောင်းဆိုလိုက်သည်။

၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကချင်ပြည်နယ်၌ ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ တင်ဒါများခေါ်ယူခဲ့ရာ တင်ဒါအောင်မြင်သည့်ကုမ္ပဏီစာရင်းတွင် ဒေသခံလုပ်ငန်းရှင်များကို ဦးစားပေးမှု အားနည်းနေခြင်း နှင့်ပတ်သက်၍ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သက်မှု ရှိမရှိ ပြန်လည်စစ်ဆေးပေးရန် KSPP လူငယ်ဌာနအဖွဲ့က ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ ဇန်နဝါရီ ၁၅ ရက်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ပြည်နယ်ဒေသခံလုပ်ငန်းရှင်တွေကို ဦးစားပေးမှုအားနည်းနေပြီး အခြားသူတွေကိုပဲ ဦးစားပေးထားတယ်။ ကချင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းမှာ အဓိကအခြေခံအဆောက်အဦး တည်ဆောက်ရေးလုပ်ငန်းပိုင်းမှာ နောက် ဆို ကချင်ပြည်နယ်က ဒေသခံတွေ လုပ်ငန်းမရှိသလောက်ဖြစ်သွားနိုင်ပါတယ်” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) လူငယ်ရေးရာကော်မတီ ခေါင်းဆောင်း ဦးနော်ခုန့်က ပြောသည်။

အဆိုပါတောင်းဆိုစာတွင် ကုမ္ပဏီ ဒါရိုက်တာတစ်ဦးတည်းက တင်ဒါအောင်သည့်ကုမ္ပဏီ တစ်ခုထက်မပါတွင် ပါဝင်နေခြင်းအပေါ် ပြန်လည်စစ်ဆေးပေးရန်လိုအပ်ပြီး အစိုးရအနေဖြင့် ကချင်ဒေသခံ ကုမ္ပဏီများကို ပိုမိုပြုစုပျိုးထောင်သင့်ကြောင်း ဦးနော်ခုန့်က ထောက်ပြ ပြောဆိုသည်။

ကချင်ဒေသခံများအလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန်နှင့် ကချင်ပြည်နယ်အတွင်း ဝင်ငွေလည်ပတ်စီးဆင်းမှု အားကောင်းလာစေရန် ဒေသခံ ကုမ္ပဏီများကို ဦးစားပေးသင့်ကြောင်း KSPPမှ လူငယ်အဖွဲ့က တောင်းဆိုထား သည်။

၂၀၂၀ -၂၀၂၁ ဘဏ္ဍရေးနှစ်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း ၃၈ ခု အတွက် တင်ဒါအောင်ကုမ္ပဏီများစာရင်းကို ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဒေသခံကုမ္ပဏီများ ဦးစားပေးခံရခြင်းမရှိကြောင်း သိရသည်။

KSPP သည် ၂၀၂၀ရွေးကောက်ပွဲတွင် လေးနေရာအနိုင်ရရှိထားပြီး ပြည်သူ့လွှတ်တော်တွင် တစ်နေရာ၊ ပြည်နယ်လွှတ်တော်လွှတ်တော်တွင် သုံးနေရာ အနိုင်ရရှိထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...