ရခိုင်ဂုဏ်ကိုမြင့်ထားခဲ့သူများ၏ ရုပ်တုကိုထားရှိရန်အတွက် မြောက်ဦးမြို့တွင် ရက္ခိတဂန္ထဝင်ဗိမာန်တစ်ခု တည်ဆောက်မည်

ရခိုင်ဂုဏ်ကိုမြင့်ထားခဲ့သူများ၏ ရုပ်တုကိုထားရှိရန်အတွက် မြောက်ဦးမြို့တွင် ရက္ခိတဂန္ထဝင်ဗိမာန်တစ်ခု တည်ဆောက်မည်
by -
ကောင်းကျော်နိုင်

ရခိုင်ဂုဏ်ကိုမြင့်တင်ပေးခဲ့ကြသည့် ရဟန်းနှင့်လူပုဂ္ဂိုလ်များ၏ ရုပ်တုတော်များကို ကိုယ်တစ်ပိုင်းပုံထုဆစ်ပြီး ဂုဏ်ပြုထားရှိရန်အတွက် ရက္ခိတဂန္ထဝင်ဗိမာန်တစ်ခု တစ်ဆောက်ရန်အတွက် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဗိမာန်ကို ရခိုင်ပြည်နယ်မြောက်ဦးမြို့ ရှစ်သောင်းဘုရားနှင့်ကပ်လျက်ရှိသည့် တစ်ဖက်ဆည်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းတွင်အကောင်အထည်ဖော်မည်ဖြစ်ပြီး လာမည့်အစိုးရလက်ထက်တွင် စတင်အကောင်းအထည်ဖော်မည်ဖြစ်ကြောင်း ရုပ်တုဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။

“ရက္ခိတဂန္ထဝင်ဗိမာန်ဆိုတာက ကျွန်တော်တို့မှာ ရခိုင်နဲ့ပတ်သက်ပြီး စာပေအနုပညာ၊ စီးပွားရေးနဲ့ တခြားထူးချွန်ပြောင်မြောက်ခဲ့တဲ့ပုဂ္ဂိုလ်တွေကို နောက်မျိုးဆက်တွေ မြင်ဖူးတွေ့ဖူးအောင် ဒီတစ်ရာတည်းမှာ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ရုပ်တွေကို ကိုယ်တစ်ပိုင်း ရုပ်တုတွေလုပ်ပြီးတော့ ဒီနေရာမှာ “ရက္ခိတဂန္ထဝင်ဗိမာန်” တစ်ခုတည်ဆောက်ဖို့အတွက် ဒီကျောင်းကို အခြေခံပြီး ကျွန်တော်တို့အဖွဲ့တစ်ဖွဲ့လုပ်ထားပါတယ်” ၎င်းက ပြောသည်။

အဆိုပါ ဗိမာန်သည် ရခိုင်တွင်ပထမဆုံး ဂုဏ်ပြုထားရှိမည့် ဗိမာန်တစ်ခုဖြစ်ပြီး ရုပ်တုများကို ယခုနှစ် ဧပြီလအတွင်းမှာ စတင်ထုဆစ်သွားမည်ဖြစ်ကြောင်းနှင့် ပထမဆုံးအနေဖြင့် ရခိုင်- မြန်မာပဏ္ဍိ ဦးဦးသာ ထွန်းရုပ်တုနှင့် ဆရာတော် ဦးဝါသဝ၊ ဆရာတော် ဦးစက္ကိန္ဒတို့၏ ရုပ်တုများကို စတင်ထုဆစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ဒီရုပ်တုကဏ္ဍကို လာမဲ့အပတ်အစည်းအဝေးမှာ ရုပ်တုဈေးနှုန်း၊ ရုပ်တုကဏ္ဍကို ထပ်ပြီးတော့ဆွေးနွေးသွားပါမယ်။ ကျွန်တော်ထင်ပါတယ်။ ဒီသင်္ကြန်မရောက်ဘူး။ ဒီ လေးလပိုင်းအတွင်းမှာ ရုပ်တု သုံးခုလောက်ကို အပြီးသတ် တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဒုဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။

အဆိုပါ ရုပ်တုများဖြစ်မြောက်ရေးအတွက် ရန်ကုန်ရောက် မြောက်ဦးအဖွဲ့နှင့် စာပေအနုပညာရှင်များ စစ်တွေမြို့နယ်မှ စာပေအနုပညာရှင်များ ကျောက်တော်မြို့နယ်မှ စာပေအနုပညာရှင်များ မင်းပြားမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့က စာပေအနုပညာရှင်များအပါအဝင် မြောက်ဦးမြို့နယ်မှ စာပေအနုပညာရှင်၊ ပန်းချီ၊ ပန်းပုပညာရှင်များ  စုပေါင်းပြီး အကောင်အတည်ဖော်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဗိမာန်အား စနစ်တကျအကောင်းအတည်ဖော်နိုင်ရန်အတွက် ဗိမာန်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ကို ပြည်နယ်အစိုးရထံ ခွင့်ပြုချက်တင်ပြီးနောက် အစိုးရဌာနဆိုင်ရာတချို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ဗိမာန်ဖြစ်မြောက်ရေးကော်မတီက ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...