“ပလက်ဝမြို့နယ်အတွင်းမှာရှိနေတဲ့ တိုက်ပွဲရှောင်ရော၊ စမီးမြို့ပေါ်မှာရှိတဲ့ တိုက်ပွဲရှောင်တွေရော မိမိနေရာဒေသကို ပြန်လည်နေရာချထားဖို့အတွက် အဓိကဦးစားပေးလုပ်မယ်ဆိုလို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်”

“ပလက်ဝမြို့နယ်အတွင်းမှာရှိနေတဲ့ တိုက်ပွဲရှောင်ရော၊ စမီးမြို့ပေါ်မှာရှိတဲ့ တိုက်ပွဲရှောင်တွေရော မိမိနေရာဒေသကို ပြန်လည်နေရာချထားဖို့အတွက် အဓိကဦးစားပေးလုပ်မယ်ဆိုလို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်”

ရွေးကောက်ပွဲတွင် နှစ်ကြိမ်ဆက်အနိုင်ရသည့် ပလက်ဝမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းနှင့် အင်တာဗျူး

ချင်းပြည်နယ် ပလက်ဝမြို့တွင် ကျေးရွာ အုပ်စုပေါင်း ၁၀၂ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်စုပေါင်း ၉၄ အုပ်စုတွင် လွတ်လပ်ပြီးတရားမျှတသော ရွေကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ သို့သော်လည်း ကျန်ကျေးရွာအုပ်စုများမှ မဲပေးရွေးချယ်ခဲ့သဖြင့် ပလက်ဝမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ ထွက်ပေါ်လာခဲ့ပြီးဖြစ်သည်။ ယင်းလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လာမည့်လတွင် ကျင်ပပြုလုပ်မည့် တတိယအကြိမ်လွှတ်တော်သို့ တက်ရောက်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ပလက်ဝမှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်ခဲ့မှုများ၊ လာမည့် လွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်မည့် အခြေအနေများ၊ ပလက်ဝဒေသ၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လုပ်ဆောင်မည့်အစီအစဉ်များကို သိရှိစေရန် ရွေးကောက်ပွဲတွင် နှစ်ကြိမ်ဆက်အနိုင်ရသည့် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ယခုလိုမေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ပလက်ဝမြို့နယ်နေရာတော်တော်များမှာ  ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ဘူး။ ဒီအပေါ် သုံးသပ်ပေးစေချင်ပါတယ်။

ဦးဝှေ့တင်း - ၂၀၂၀ ရွေးကောက်ပွဲကို ကျွန်တော်တို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ တကယ့်အကျဉ်းကြပ်ထဲကနေ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ငါးဦးအနိုင်ရရှိတယ်ဆိုတာကတော့ ထိုက်တန်ပါတယ်လို့ ကျွန်တော် ပြောလို့ရပါတယ်။ ဒီလောက်အကျဉ်းအကျပ်ကြားထဲက NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ငါးဦးရဖို့ဆိုတာကတော့ တော်တော်ခဲယဉ်းတဲ့အနေအထားရှိပါတယ်။ ဒါပေမယ့် လက်ရှိNLD အစိုးရရဲ့ လုပ်ဆောင် ချက်အပေါ်မှာ ပြည်သူတစ်ရပ်လုံးက ပါတီရဲ့မူဝါဒနဲ့ပါတီရဲ့ခေါင်းဆောင်ကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကြောင့်နဲ့ ကျွန်တော်တို့ ပလက်ဝမြို့နယ် ငါးဦး အနိုင်ရရှိတယ်လို့ပဲပြောလို့ရပါတယ်။

မေး - NLDက ကိုယ်စားလှယ်လောင်းတွေအနိုင်ရခဲ့တဲ့အတွက် ပလက်ဝဒေသခံတွေအတွက် ဘာတွေလုပ်ပေးဖို့ ရှိလဲ။ ဘယ်အရာတွေကို လုပ်ပေးဖို့ဆုံးဖြတ်ထားတာရှိလဲ။

ဦးဝှေ့တင်း - အဓိကကတော့ ကျွန်တော်တို့ ပလက် ဝမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း NLD ကငါးယောက်လုံးနိုင်ပြီဆိုတော့ ပလက်ဝမြို့နယ်ရဲ့အဓိက ကျွန်တော်တို့ လုပ်ဆောင်ရမယ့် အချက်ကတော့ လက်ရှိ ပလက်ဝမြို့နယ်အတွင်းမှာရှိနေတဲ့ တိုက်ပွဲရှောင်ရော၊ စမီးမြို့ပေါ်မှာရှိတဲ့ တိုက်ပွဲရှောင်များရော၊ မိမိနေရာဒေသ ကို ပြန်လည်နေရာချထားဖို့အတွက် အဓိကဦးစားပေးလုပ်မယ်ဆိုလို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ သူတို့ရဲ့တိုက်ပွဲကြောင့် ပြည်သူများရဲ့ ပြန်လည်ထူထောင်ရေးကိစ္စပိုင်းမှာလည်း ၂၀၂၀၊ ဧပြီလမှာ နိုင်ငံတော် တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်statement တစ်ခုထုတ်ထားပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်များနဲ့ ချင်းပြည်နယ်အတွင်းမှာရှိသော ပလက်ဝမြို့နယ်အတွင်းမှာရှိသော တိုက်ပွဲကြောင့် ပြည်သူများအတွက် စစ်ရေးအခြေအနေ ငြိမ်သက်လာပြီဆိုရင် ပြန်လည်ထူထောင်ရေးကိစ္စကို နိုင်ငံတော်အစိုးရအနေဖြင့် အထူးဦးစားပြီးတော့ ဆောင်ရွက်မယ်ဆိုပြီးတော့ statement တစ်ခုထွက်လာပါတယ်။

အဲဒီအပေါ်မှာလည်း ကျွန်တော်တို့အများကြီး အတိုင်ပင်ခံပုဂ္ဂိုလ်ကို ယုံကြည်ပါတယ်။ ဆောင်ရွက်ပေးလိမ့်မယ် လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ဆိုတော့ပလက်ဝမြို့နယ်ရဲ့ နယ်မြေအေးချမ်းသာယာဖို့အတွက် အားလုံး နှစ်ဖက်တိုက်ပွဲများရပ်စဲပြီးတော့ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်လို့ အတူတကွပူးပေါင်းနေထိုင်ဖို့အတွက် ကျွန်တော်တို့ရည်မှန်းပါတယ်။

မေး - လက်ရှိလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်နေတော့ ပလက်ဝအတွက် လွှတ်တော်ထဲမှာ ပလက်ဝ အတွက် ဘာတွေလုပ်ပေးနိုင်ခဲ့လဲ။

ဦးဝှေ့တင်း - အဓိကတော့ ဒီတိုက်ပွဲပလက်ဝမှာ နယ်မြေအေးချမ်းမှုမရှိဘူး။ ၂၀၁၅ ရွေးကောက်ပွဲအပြီး ၂၀၁၆ NLD အစိုးရတက်ခါစကာလမှာ ပလက်ဝမြို့နယ်အတွင်းမှာ နှစ်ဖက်တိုက်ပွဲရေးတွေ ဖြစ်ပျက်ချိန်နီးလာပြီးတော့ ဒီကနေ့အချိန်ထိပေါ့လေ။ ဆိုတော့ ပလက်ဝမြို့နယ်ရဲ့အနေအထားသည် ချင်းပြည်နယ်မြို့နယ်ထဲမှာဆိုရင်တော့ စောစောကကျွန်တော်ပြောသလိုပဲ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံး မြို့နယ်တစ်ခုကြီးလည်းဖြစ်ပါတယ်၊ ဒီကြားထဲမှာ တိုက်ပွဲတွေရှိလာတဲ့အခါကျရင်တော့ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ အနှောက်အယှက်တွေ အများကြီးရှိပါတယ်။ ဆိုတော့ ကျွန်တော့အနေဖြင့် လွှတ်တော်ထဲမှာ ဒီပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့ ပလက်ဝမြို့ပေါ်၊ စမီးမြို့ပေါ်၊ ပလက်ဝမြို့အနီးအနားမှာရှိတဲ့ တိုက်ပွဲကြောင့် ပြည်သူများအတွက် စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေကို မေးခွန်းမေးမြန်းခဲ့ပါတယ်။

မေး - အစိုးရအနေနဲ့ရော ပလက်ဝဒေသအတွက် ဘာတွေလုပ်ပေးနိုင်ခဲ့လဲ။

ဦးဝှေ့တင်း - ပြည်ထောင်စုအစိုးရအဖွဲ့က ဝန်ကြီးနဲ့ ချင်းပြည်နယ်အစိုးရဖွဲ့ပူးပေါင်းပြီးတော့ ထောက်ပံ့မှုတွေပေးတာလည်း ရှိခဲ့ပါတယ်။ ဆိုတော့ ကျွန်တော်မေးတဲ့အခါမှာတော့ ဒီပလက်ဝမြို့နယ် အတွင်းမှာရှိတဲ့ တိုက်ပွဲကြောင့် ပြည်သူများအတွက် စားဝတ်နေရေးကိစ္စရော၊ အစစအရာရာ ရော၊ မြန်မာနိုင်ငံတော်အစိုးရနဲ့ ပြည်ပနိုင်ငံမှာရှိ တဲ့အဖွဲ့အစည်းများ ကူညီထောက်ပံ့ပေးဖို့ အစီစဉ်ရှိမရှိဆိုတဲ့ မေးတဲ့အခါမှာ ပြည်ထောင်စုအဖွဲ့ကဖြေပါတယ်။ ပြည်ထောင်စုအစိုးရဖွဲ့ရယ်၊ ပြီးတော့ ဒီနယ်စပ်ရေးရာဝန်ကြီးရယ်၊ ကျန်တဲ့အဖွဲ့စည်းများကလည်းပဲ ပလက်ဝမြို့နယ်မှာ တိုက်ပွဲကြောင့် ပြည်သူတွေအတွက် စားသောက်ရေး အဓိကတော့စားသောက်ရေးကိစ္စကို အဓိကကူညီပံ့ပိုးတာလည်း တွေ့ရပါတယ်။ အခုဆိုရင် တိုင်းရင်းပေါင်း ငါးထောင်ကျော်နီးပါး ကျွန်တော်တို့ပလက်ဝမြို့နယ်အတွက် ကူညီတယ်ဆိုတာကို ကျွန်တော်တို့ လက်တွေ့ကျကျ မြင်တွေ့ခဲ့ရပါတယ်။ ဒီအတွက်လည်း နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ပါတယ်လို့လည်း ပြောကြားလိုပါတယ်။ အရင်သက်တမ်းကတော့ ကျွန်တော် ဒီချင်းပြည်နယ် ပြည်ထောင်စုကိုယ်စားလှယ် ၂၀ ကျော်ထဲမှာတော့ ကျွန်တော်ကမေးခွန်းဒုတိယ အများဆုံးမေးတဲ့သူအနေနဲ့ မှတ်တမ်းဝင်သွားတာပေါ့နော်။ ၂၀၁၅ ကနေ ၂၀၁၆ လက်ရှိ NLD အစိုးရမှစပြီးတော့ တာဝန်ယူတဲ့လွှတ်တော်ထဲမှာ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်ကျွန်တော်တို့ချင်းပြည်နယ်က ၂၁ ဦးရှိပါတယ်။ အဲ့အထဲမှာကျွန် တော်ပလက်ဝမြို့နယ်အတွက် ပလက်ဝမြို့နယ်နဲ့ ချင်းပြည်နယ်အတွက် ကြယ်ပွင့်ပြ မေးခွန်း ၅၂ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၁၀ ခု မေးမြန်းခဲ့ပါတယ်။

မေး - အားမရတဲ့အပိုင်းတွေရောရှိလား။ ဘယ်ဟာတွေက အားနည်းခဲ့သလဲ။ ပြောပြပေးစေချင်ပါတယ်။

ဦးဝှေ့တင်း - အဲ့အထဲမှာ တစ်ခုအားမရတဲ့အပိုင်းဆိုလို့ရှိရင် ကျွန်တော်တို့ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်ထဲမှာ လမ်းပန်ဆက်သွယ်ရေး အခက်ခဲဆုံးဒေသတစ်ခုဖြစ်သလို ကျန်းမာရေး၊ ပညာရေးအားအ နည်းဆုံးဒေသလည်း ပြောလို့ရပါတယ်။ အထူးသဖြင့် ပလက်ဝမြို့နယ်သည် ဒေသဖွံ့ဖြိုးရေးမှာ နောက်ကျကျန်ရစ်တဲ့ မြို့နယ်တစ်ခုဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးကိစ္စ ဆောင်ရွက်နေရတဲ့အပိုင်းမှာ တော်တော်အားမရတဲ့ အပိုင်းတွေရှိပါတယ်။ ပြည်ထောင်စုအစိုးရဘက်ကသော်လည်းကောင်း၊ ချင်းပြည်နယ်အစိုးရဘက်ကသော်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးကိစ္စ ဘတ်ဂျက်ကိစ္စ၊ ပလက်ဝအတွက်ချပေးသော်လည်း နယ်မြေအခြေအနေအေးချမ်းမှုမရှိတဲ့အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ဖို့အခက်ခဲဖြစ် ပါတယ်။ ဒါကြောင့်မို့ ပလက်ဝမြို့နယ်ဟာဒီနေ့အထိပဲ လမ်းပန်းဆက်သွယ်ရေးကိစ္စမှာ အထူးတလည်ဆောင်ရွက်ဖို့ လိုပါသေးတယ်။

မေး - လာမယ့်လွှတ်တော်သက်တမ်းမှာ ပလက်ဝအတွက်ဘာတွေတောင်းဆိုဖို့ ရည်မှန်းထားလဲ။ ကြိုတင် စီစဉ် ထားတာရှိရင် သိချင်ပါတယ်။

ဦးဝှေ့တင်း - ၂၀၂၀ election မှာလည်း ပလက်ဝမြို့နယ်ရဲ့ အနီတောက်တောက် ကိုယ်စားလှယ်လောင်းကောင်း အနိုင်ရရှိတဲ့အတွက် လွှတ်တော်ထဲမှာ ပလက်ဝမြို့နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေးအပါအဝင် ချင်းပြည်နယ်တစ်ခုလုံးရဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့အတွက် အထူးအရေးကြီးတယ်ဆိုတာကို စိတ်ထဲမှာဆုံးဖြတ်ပြီးတော့ လွှတ်တော်ထဲမှာ ဒီလမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့အတွက် လွှတ်တော် ကြယ်ပွင့်ပြ မေးခွန်းကနေပြီးတော့ ဆထက်တပိုးတောင်းဆိုဖို့ မှန်းထားပါတယ်။

မေး - ဖြည့်စွက်ပြောချင်များရှိရင် ပြောနိုင်ပါတယ်။

ဦးဝှေ့တင်း - ၂၀၂၀၊ နိုဝင်ဘာ ၈ ရက်ကျင်းပတဲ့ အထွေထွေရွေးကေက်ပွဲကြီးမှာ ကျွန်တော်တို့ချင်းပြည်နယ်၊ ပလက်ဝမဲဆန္နနယ်၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၇)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာမှာ ရရှိတဲ့အတွက် အတိုင်းမသိပျှော်ရွှင်မိပါကြောင်း ပထမဆုံးအနေနဲ့ ကျွန်တော် ပြောကြားပါရစေ။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...