အနာဂတ်ပြည်ထောင်စုသစ်တည်ဆောက်ရေးတွင် တိုင်ရင်းသားလက်နက်ကိုင်အင်အားစုအားလုံး ပါဝင်ခွင့်ပေးရန် ကယန်းပြည်သစ်ပါတီတောင်းဆို

အနာဂတ်ပြည်ထောင်စုသစ်တည်ဆောက်ရေးတွင် တိုင်ရင်းသားလက်နက်ကိုင်အင်အားစုအားလုံး ပါဝင်ခွင့်ပေးရန် ကယန်းပြည်သစ်ပါတီတောင်းဆို
by -
နော်ဒွေးအယ်ခူ (KT)
ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ၏ နှစ် ၅၀ပြည့် ရွှေရတုအခမ်းအနား ပြုလုပ်နေသည်ကို မြင်တွေ့ရစဉ်။
ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ၏ နှစ် ၅၀ပြည့် ရွှေရတုအခမ်းအနား ပြုလုပ်နေသည်ကို မြင်တွေ့ရစဉ်။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အနာဂတ်ပြည်ထောင်စုသစ်တည်ဆောက်ရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရကိုဖော်ဆောင်သည့်နေရာတွင် တိုင်ရင်းသားလက်နက်ကိုင်အင်အားစုအားလုံး ပါဝင်ခွင့်ပေးရန် ကယန်းပြည်သစ်ပါတီက တောင်းဆိုလိုက်သည်။

“နိုင်ငံရေးတောင်းဆိုချက်တွေကို နိုင်ငံရေးနည်းလမ်းအရတောင်းဆိုမယ်လို့ ကျွန်တော်တို့ တစ်လျှောက်လုံး ပြောခဲ့တယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ဒီတောင်းဆိုချက်တွေကို အာဏာရအစိုးရတွေကနေပြီးတော့ အသိအမှတ်ပြုဖို့ အကောင်အထည်ဖော်ပေးဖို့အတွက် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျွန်တော်တို့ပါဝင်ဖို့လိုတယ်” ဟု ကယန်းပြည်သစ်ပါတီ၏ ပြင်ပဆက်ဆံရေးဌာနမှ ဦးရဲခေါင်ကပြောသည်။

ထိုပြင် ကယန်းပြည်သစ်ပါတီအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏အနာဂတ်ပြည်ထောင်စုသစ် တည်ဆောက်ရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရကို ဖော်ဆောင်သည့်နေရာတွင် အထက်ပါအတိုင်း အကြံပြုသည့်သဘောပါဝင်သော ထုတ်ပြန်ချက်တစ်စောင်ကိုလည်း ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်ထဲတွင် ပြည်ထောင်စုသစ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရကို ဖော်ဆောင်ရာတွင် လက်နက်ကိုင်အင်အားစုးအားလုံးပါဝင်ရေးအပြင် ရွေးကောက်ပွဲအနိုင်ရ NLD အနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရာ၌လည်း ဒေသခံများကို အမှန်တကယ်ကိုယ်စားပြုသော တိုင်းရင်းသားပါတီတွေကို အလေးထားရန် တိုက်တွန်းလိုက်သည်။

NLDပါတီအနေဖြင့် ၂၀၂၁ ခုနှစ် နှစ်ဆန်း ၁ ရက်မှစ၍ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ် လျက်ရှိပြီး လက်ရှိတွင် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများနှင့်မွန်ပါတီတို့ကို တွေ့ဆုံဆွေးနွေးရန်စီစဉ်ခဲ့ သော်လည်းကချင်ပါတီမှရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စား လှယ်များတွေ့ဆုံးဆွေးနွေးနိုင်ခဲ့သော်လည်း မွန်ပါတီနှင့် တွေ့ဆုံမည့်နေရာညှိနှိုင်းမရသဖြင့် ဆွေးနွေးပွဲပျက်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကယန်းပြည်သစ်ပါတီအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များ၌  ပါဝင်ခွင့်ပေးရန်အတွက် အစိုးရအား အိတ်ဖွင့်ပေးစာပေးပို့ခြင်းများလည်းရှိခဲ့တယ်ကြောင်း သိရသည်။

ယင်းသို့ ကယန်းပြည်သစ်ပါတီကနေ ပြည်တွင်းငြိမ်းချမ်းရေးမှာပါဝင်ရန် တောင်းဆိုသည့်အပေါ် ပြည်နယ်တွင်းရှိ လူမှုအသင်းအဖွဲ့များ၊ လက်ရှိ တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေဆဲဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီက တာဝန်ရှိသူများထံဆက်သွယ်၍ သဘောထားမှတ်ချက်ပေးရန် တောင်ခံခဲ့သော်လည်း မဖြေကြားလိုကြောင်း ပြောကြားခဲ့သည်။

ကယန်းပြည်သစ်ပါတီကို ၁၉၆၄ ခုနှစ် သြဂုတ် ၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြိး အင်အား နှစ်ထောင်ဝန်းကျင်ရှိကာ အပစ်အခတ်ရပ်စဲမှုကို ၁၉၉၄ ခုနှစ် ဇူလှိုင် ၂၆ ရက်တွင် အစိုးရနှင့်သဘောတူညီမှုရယူခဲ့သည့်အဖွဲ့ အစည်းဖြစ်သည်။

အဆိုပါ ကယန်းပြည်သစ်ပါတီသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ဆီးဘူးကျေးရွာတွင် အခြေစိုက်၍ ကယန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန်ကြိုပမ်းလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့ရှိပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများတွင် ကယားပြည်နယ်မှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တစ်ခုတည်းသာ ဖိတ်ကြားခြင်းခံလျက်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...