မဲမသမာမှုနှင့်ပတ်သက်၍ တိုင်ကြားရုံဖြင့်လုံလောက်၊ ဆန္ဒထုတ်ဖော်ရန်လိုမည်မဟုတ်ဟု ချင်းပြည်နယ် ပြည်ခိုင်ဖြိုးဥက္ကဌပြော

မဲမသမာမှုနှင့်ပတ်သက်၍ တိုင်ကြားရုံဖြင့်လုံလောက်၊ ဆန္ဒထုတ်ဖော်ရန်လိုမည်မဟုတ်ဟု ချင်းပြည်နယ် ပြည်ခိုင်ဖြိုးဥက္ကဌပြော

မဲမသမာမှုနှင့်ပတ်သက်၍ တိုင်ကြားရုံဖြင့်လုံလောက်ပြီး ဆန္ဒထုတ်ဖော်ရန်လိုမည်မဟုတ်ကြောင်း ချင်းပြည်နယ် ပြည်ခိုင်ဖြိုးဥက္ကဌ ဒေါက်တာမူထန်က ပြောသည်။

 

အခြားတိုင်းနှင့်ပြည်နယ်များတွင် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များကို ကျေနပ်မှုမရှိဟုဆိုကာ ပြည်ခိုင်ဖြိုးဝန်ရံသူများက ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြသော်လည်း ချင်ပြည်နယ် ပြည်ခိုင်ဖြိုးအနေဖြင့် ထိုသို့ပြုလုပ်မည်မဟုတ်ပဲ တိုင်ကြားရုံသာပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“မဲမသမာမှုတွေကိုတိုင်ကြားရုံနဲ့ လုံလောက်ပြီထင်ပါတယ်။ ကျနော်တို့ချင်းပြည်နယ်က လူဦးရေနည်းနည်းပဲဆိုတော့ အကုန်လည်းသိကြတယ်ဆိုတော့ ဆန္ဒထုတ်ဖော်တာတွေလုပ်ရင် ပိုအမြင်ကတ်မှာလည်းစိုးရိမ်တယ်။ တိုင်ကြားထားတယ်ဆိုရင် လုံလောက်ပြီလို့ထင်လို့ မလုပ်ကြတာပါ” ဟု ဒေါက်တာမူထန်ကပြောသည်။

 

၂၀၁၅ ခုနှစ်တွင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်၏မဲဆန္ဒနယ် ၃၉ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇၈.၇ ရာခိုင်နှုန်းဖြင့် ၂၈ နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ခြောက်နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ငါးနေရာ အနိုင်ရရှိခဲ့သော်လည်း နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီက မဲဆန္ဒနယ်မြေ ၃၆ နေရာအထိ အနိုင်ရရှိခဲ့ပြီး မဲဆန္ဒနယ်မြေ သုံးနေရာသာ ရှုံးနိမ့်ခဲ့ကာ ယင်းသုံးနေရာကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က နှစ်နေရာနှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်နေရာအနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးက တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။

 

ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၏ မဲရလဒ်များအရ မဲဆန္ဒနယ်အများစုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သာ အဓိကအားပြိုင်ခဲ့ရပြီး ပြည်ခိုင်ဖြိုးအနေဖြင့် ချင်းပါတီနှင့် ဇိုမီးပါတီတို့နောက် တတိယနေရာတွင်သာ ရှိခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...