ကယားပြည်နယ်တွင် ရေရှားပါးမှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာပြီး အဆိုပါပြဿနာကို လာမည့်အစိုးရအနေဖြင့် ဖြေရှင်းရန် လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။
ယခုအခါ ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် မြို့ပေါ်အပါအဝင်အုပ်စုငါးအုပ်စုခန့်ရှိ ကျေးရွာပေါင်း ၄၀ ဝန်းကျင်သည် ရွေးကောက်ပွဲကာဖြစ်သော နိုဝင်ဘာလလောက်ကတည်းက ရေရှားပါးသည့် ပြသနာကိုကြုံနေ ရခြင်းဖြစ် ပြီး အလှူရှင်များလာရောက်လှူဒါန်းကြသော်လည်းလုံလောက်မှုမရှိခြင်းကြောင့် ရေရှိရာသို့ ကားဖြင့်သွားရောက် သယ်ကာ အသုံးပြုနေကြရကြောင်း ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။
ယခုအခါ ထိုရေရှားပါးမှုကို ဖြေရှင်းနိုင်ရန် မြစ်ချောင်းအင်းအိုင်များမှ ထုတ်ယူပြီး ရေပေးဝေနိုင်ရေးစီမံကိန်း ကို ကျပ်သန်းပေါင်း သုံးသောင်းခြောက်ထောင်ကျော်အသုံးပြု၍ ဆောင်ရွက်ရန် အစိုးရကိုတင်ပြထားကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်ကကျင်းပပြု လုပ်ခဲ့သောကယားပြည်နယ်လွှတ်တော်တွင် ပြောကြားခဲ့သည်။
အဆိုပါ ကျပ်သန်းပေါင်း သုံးသောင်းခြောက်ထောင်ကျော်တောင်းခံမှုကို အစိုးရအနေဖြင့် ခွင့်ပြုခဲ့ပါက လွိုင်ကော်မြို့ လွိုင်လင်လေးကျေးရွာရှိ အိမ်ခြေ ၁၁၀၃၃ အတွက် နန့်တဘက်ချောင်းရေပေးဝေရေးစီမံကိန်းကို ကျပ်သန်း ၉၄၇၉.၆ ဖြင့် လည်းကောင်း၊ ဖရူဆိုမြို့နယ်အတွင်း ရေရှားပါးကျေးရွာ ၂၅ ရွာနဲ့ ၊ ဖရူဆိုနှင့် ဒီးမော့ ဆိုမြို့ပေါ်ကိုရေပေးဝေနိုင်ရေးအတွက် ဘီလူးချောင်းရေပေးဝေရေးစီမံကိန်းနှင့် စယ်လိုချောင်းရေပေးဝေရေး စီမံကိန်းတို့ကို ကျပ်သန်း ၆၆၄၁.၃၃ နှင့် ကျပ်သန်း ၇၀၃၁.၈၈၄ဖြင့်လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ် ရေရှားပါးမှု ကြုံတွေ့နေသော ကျေးရွာ ၁၂ ရွာအတွက် ပွန်ချောင်းရေပေးဝေရေးစီမံကိန်းကို ကျပ်သန်း ၇၅၉၄.၈၆ဖြင့် လည်းကောင်းအကောင်အထည်ဖော်သွားရန် လျာ ထားပြီး ကွိုင်ငံရေထွက်ပေါက်ရေပေးဝေရေးစီမံကိန်းကိုလည်း ကျပ်သန်း ၆၂၃၈.၉၆၅ ဖြင့်အကောင်အထည်ဖော် လျာထားကြောင်း သိရသည်။
သို့သော်လည်း ကွိုင်ငံရေထွက်ပေါက်ကရေပေးဝေရေးစီမံကိန်းကို ထီးပေါ်ဆိုကျေးရွာအုပ်စုရှိ ဒေသခံများကရှေးပ ဝေသဏီကပင် ထိန်းသိမ်းလာသည့်အတွက် ကန့်ကွက်ထားကြောင်း သိရသည်။
လက်ရှိတွင် ကယားပြည်နယ်အတွင်းကြုံတွေ့နေရသည့် ရေရှားပါးမှုပြသနာကို ဖြေရှင်းနိုင်တဲ့အနေအထားတစ်ခု အထိသုသေတနတွေပြုလုပ်ခဲ့ပြီးဖြစ်ကာ ပြည်နယ်အတွင်းက အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရန်နိုင်ရန်လည်း အစိုးရကို တိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။
“ကျွန်တော်တို့ကတော့ ဒီဟာနဲ့ပတ်သတ်ပြီး ဖြေရှင်းနိုင်တဲ့အနေအထားတစ်ခုဖြစ်လာအောင် ကြိုးစားပြီးတော့ လုပ်မှာပဲ။ ဒါပေမယ့် အကောင်အထည်ဖော်ဆောင်ရွက်တဲ့အပိုင်းမှာကတော့ အစိုးရတာဝန်ဖြစ်တယ်။ အစိုးရ အကောင်အထည်ဖော်ဆောင်ရွက်နိုင်တဲ့အနေအထားမျိုးဖြစ်အောင်လဲ ကျွန်တာ်တို့ ဝိုင်းဝန်းကူညီဖို့ အဆင်သင့် ပေါ့နော်။ ကျနောတို့်ကတော့ ဒီ သုသေတနတွေသေချာလုပ်မှပဲရေအရင်းအမြစ်က ဘယ်လိုအခြေအနေမျိုး ဖြစ်လာနိုင်လဲပေါ့။ နောက်ပြီးတော့မှ စိမ့်စမ်းရေတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေကလဲ တစ်ခါထဲပါလာမှာပါ။ ဆိုတော့ အစိုးရအနေနဲ့ ဒါဝိုင်းဝန်းကူညီဖို့နဲ့ CSOတွေပူးပေါင်းဆောင်ရွက်ဖို့အတွက် တစ်ခါထဲ အစိုးရကိုတိုက်တွန်းဒါမျိုးလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်”လို့ ဦးသဲရယ်က ပြောပါတယ်။
၂၀၁၂-၂၀၁၃ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုနှင့်ပြည်နယ် ဘတ်ဂျက်နှစ်ရပ်ပေါင်း ကျပ်သန်းပေါင်း ကိုးရာကိုးဆယ်ကျော် ( ၉၉၃.၈၆၁သန်း) ဖြင့် ကယားပြည်နယ်အတွင်းမှာရှိတဲ့ ဖရူဆိုမြို့နယ်အပါအဝင် ရေရှားပါးတဲ့ ကျေးရွာပေါင်း၉၇ရွာအတွက် လုပ်ငန်းပေါင်း ၉၆ ခုဖြင့် ရေရရှိအောင်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ထို့ပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရေရှားပါးတဲ့ကျေးရွာများအတွက် ကျေးရွာပေါင်းရှစ်ရွာကို ပြည်ထောင်စုဘဏ္ဍာ ငွေ ကျပ်သန်း ၁၆၂.၁၈ သန်းဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်းရှစ်ခုကို ဆောင်ရွက်ပေးခဲ့ပြီး၊ ကယားပြည်နယ် အစိုးရအဖွဲ့ ၏ မူလရန်ပုံငွေဖြင့် (၁၀၈.၁၂၉) သန်းဖြင့် ကျေးရွာကိုးရွာကို ကျေးလက်ရေရရှိရေး လုပ်ငန်း ငါးခုဆောင်ရွက်ပေးထားကြောင်း သိရသည်.
ရေအရင်းအမြစ်ရှိသောကျေးရွာများတွင် ရေလုံလောက်စွာရရှိရန် စိမ့်စမ်းရေသွယ်ယူခြင်း၊ တွင်းအတိမ်၊ တွင်းအနက်၊ လက်တူးတွင်း၊ မြေသားရေကန်တူးဖော်ခြင်း၊ ချောင်းရေတင်၊ မြစ်ရေတင် အဲ့လိုဆောင်ရွက်ပေးနေပြီး ရေအရမ်းအမြစ်မရှိသော ကျေးရွာများကို မိုးရာသီ၌ မိုးရေသိုလှောင်ကာ နွေရာသီ ရေရှားပါးတဲ့အချိန်၌ စနစ်တကျ ပြန်လည်ထုတ်ယူနိုင်ရန်အတွက် ဂါလံ ၂၃၅၀၀ ဆန့်တဲ့ရေလှောင်ကန်များကို တည်ဆောက်ပေးလိက်ရှိကြောင်း ကယားပြည် နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြောသည်။