NLD အား သွားရောက်တွေ့ဆုံခဲ့သည့် ရွေးကောက်ပွဲတွင်အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်များ ပါတီကိုကိုယ်စားမပြုကြောင်း KSPP ဒုတိယဥက္ကဌပြော

NLD အား သွားရောက်တွေ့ဆုံခဲ့သည့် ရွေးကောက်ပွဲတွင်အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်များ ပါတီကိုကိုယ်စားမပြုကြောင်း KSPP ဒုတိယဥက္ကဌပြော

NLD အား သွားရောက်တွေ့ဆုံခဲ့သည့် ရွေးကောက်ပွဲတွင်အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်များ ပါတီကိုကိုယ်စားမပြုကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဒုတိယဥက္ကဌ ၂ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “သွားတွေ့တဲ့ ကျွန်တော်တို့ကိုယ်စားလှယ်တွေလည်း ကိုယ်စားမပြုပါဘူး။ KSPP ကို ကိုယ်စားပြုပြီးမှ သွားရောက်ခဲ့ခြင်း မဟုတ်ပါဘူး။ ကျွန်တော်အနေနဲ့ ပါတီ CEC အနေနဲ့ ဒီဟာကို ကိုယ်စားပြုခြင်းမဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ တင်ပြလိုခြင်းဖြစ်ပါတယ်” ဟုပြောသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီ၏ ဒီဇင်ဘာ ၃၁ ရက်ကပြုလုပ်သည့် ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ CEC အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ကိုယ်စားလှယ်များကို ပါတီကိုယ်စားပြုအနေဖြင့်သာ တွေ့ဆုံဆွေးနွေးသွားရန် ဆုံးဖြတ်ခဲ့သည့်အတွက် ယခုတွေ့ဆုံမှုသည် ပါတီကို ကိုယ်စားပြုမှုမဟုတ်ကြောင်း ဦးကွမ်ဂေါင်အောင်ခမ်းက ဆက်ပြောသည်။

ဥက္ကဋ္ဌ ဦးကွမဂေါင်အောင်ခမ်းက “ကျွန်တော်တို့ CEC ကနေ ဆုံးဖြတ်ထားတာက ပါတီအနေနဲ့ ပါတီကနေ ကိုယ်စားပြုတဲ့အနေနဲ့ တွေ့ဖို့ပဲ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင်လည်း ကျွန်တော်တို့ ပြန်အကြောင်းအကြားပါတယ်။ ဦးအင်ထုံနော်ခမ်းကို အကြောင်းကြားပြီးမှ၊ ဒါပေမယ့် သူတို့ အနေနဲ့တော့ လွှတ် တော်ကိုယ်စား လှယ်တွေနဲ့ပဲ တွေ့ပြီးမှ တွေ့မယ်ဆိုတဲ့ဟာမျိုးဆုံးဖြတ်ပါတယ်။ ဆိုတော့ ဒီဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ ဆုံး ဖြတ်ချက်ပဲ ဖြစ်တယ်” ဟုပြောသည်။

ယခုတွေ့ဆုံမှုသည် ပါတီအချင်းချင်းကိုယ်စားပြု၍ တွေ့ဆုံမှုမျိုးမဟုတ်ပဲ ရွေးကောက်ပွဲတွင်အနိုင်ရသည့် ကိုယ်စားလှယ်များနှင့်သာ NLD က တွေ့ဆုံမှုဖြစ်သည့်အတွက် ပါတီကိုယ်စားပြုမှုဖြင့် တွေ့ဆုံခြင်းမျိုးမဟုတ်ကြောင်း ဦးကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် NLD ပါတီမှ ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့်အဖွဲ့နှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ကချင်ပြည်နယ် မြစ်ကြီးမြို့ NLD ပါတီ ဗဟိုရုံးချုပ်တွင် တွေ့ဆုံခဲ့ကြသည်။

ထိုဆွေးနွေးပွဲတွင် NLD ပါတီက အမျိုးသားညီညွှတ်ရေး အစိုးရဖွဲ့သည့်အခါတွင် တိုင်းရင်းသားပါတီများကို နေရာပေးရန်အပါအဝင် အမျိုးသား တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင်၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးနှင့် ၁၉၄၇ ပင်လုံကတိကဝတ်တို့ကို အကောင်အထည်ဖော်ပေးရန် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက တင်ပြဆွေးနွေးခဲ့သည်ဟု ဒေါက်တာအောင်မိုးညိုက ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

ကချင်ပြည်နယ်ရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးချက်များကို NLD ပါတီ ကိုယ်စားလှယ်များက NLD ဗဟိုသို့ ဆက်လက်တင်ပြဆွေးနွေးကာ ညှိနှိုင်းမှုရယူသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဆွေးနွေးမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်ဟု KSPP ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာကလည်း ပြောသည်။

ထိုဆွေးနွေးပွဲသို့ ကချင်ပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီများဖြစ်သော ကချင်ပြည်နယ်ပြည်သူ့ ပါတီ KSPP၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ၊ ဒီမိုကရေစီပါတီသစ် (ကချင်) NDP – K မှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသို့ KSPP ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာ၊ ဦးဆမ်အောင်၊ ဦးလမာနော်အောင်၊ LUDP မှ ဦးရွှေမင်း၊ ဦးရွှေလေး၊ ဒီမိုကရေစီပါတီသစ် (ကချင်) NDP- K မှ ဦးခေါတိန့်တို့ တက်ရောက်လာကြပြီး NLD ဖက်မှ ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းထွေးမြင့်၊ ဦးအင်ထုံခမ်းနော်ဆမ်တို့သုံးဦးနှင့်အတူ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်လည်း တက်ရောက်ခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...