“Smokeless Industry ကတော့ ချင်းပြည်နယ်မှာမလုပ်လို့မဖြစ်ဘူး”

“Smokeless Industry ကတော့ ချင်းပြည်နယ်မှာမလုပ်လို့မဖြစ်ဘူး”
 တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လက်ရှိချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်နှင့် တွေ့ဆုံခြင်း
တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လက်ရှိချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်နှင့် တွေ့ဆုံခြင်း

လားနွန် – နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်(ZCD) ပါတီ အနေနဲ့ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ဆန္ဒနယ်မြေစုစုပေါင်း (၁၀) နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးတော့ ချင်းပြည်နယ် တွန်းဇံမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်မဲဆန္ဒနယ်မြေ (၂) နေရာမှာသာ အနိုင်ရရှိခဲ့ပါတယ်။

ယခုလက်ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ဟာ ZCD ပါတီကနေ တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေမှာ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဦးပေါင်လွန်မင်းထန် အနေနဲ့ လာမယ့်လွှတ်တော်သက်တမ်းမှာ ဘာတွေဆောင်ရွက်ဖို့ပြင်ဆင်ထားပါသလဲ။ အသစ်ဖွဲ့စည်းမယ့် အစိုးရသစ်မှာ ကော်ပြန်လည်ပါဝင်လာဖို့အလားအလာရှိပါသလား။ စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ခိုနူမ်းသုန်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။      ။ ဒီနှစ်ရွေးကောက်ပွဲမှာ ZCD ပါတီဆိုရင် ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေ ၂ နေရာပဲရတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ။       ။ ဒီနှစ်ကတော့ ထူးခြားမှုတစ်ခု ဆိုတာက နှစ်လလောက် ရွေးကောက်ပွဲ မဲဆွယ်စည်းရှုံးခွင့်မှာ တစ်လကျော် ကျော်လောက်ကတော့ ကျနော်တို့ Local Party တွေက အားသန်တယ် တကယ့်အနီးကပ် နှစ်ပတ် သုံးပတ်ဝန်းကျင် လောက်မှာဆိုရင် အများကြီးပြောင်းလဲပြီးတော့ နှစ်ပတ်အတွင်းမှာပဲ ပြောင်းလဲသွားတယ် နိုင်ငံတော်အတိုင်ပင်ခံတို့ ပြည်ထောင်စုအဆင့်ရဲ့ ကြိုးစားမှုနဲ့ ပြည်သူရဲ့ သူတို့အပေါ်မှာ ယုံကြည်မှုကတော့ ချင်းပြည်နယ်ရဲ့ နိုင်ငံရေးကို ပြောင်း လဲစေတယ်လို့ဘဲ သုံးသပ်ပါတယ်။ ဆိုတော့ တိုင်းရင်းသားပါတီတွေကို မုန်းသလား မချစ်တော့ဘူးလားဆိုရင်လ ည်းပဲ မဟုတ်ပါဘူး တော်တော်များများကတော့ တိုင်းရင်းသားပါတီမှ တိုင်းရင်းသားပါတီဖြစ်တယ် ဒါပေမဲ့ မဲအခြေအနေကတော့ အဲလိုပြောင်းလဲသွားတာကတော့ နည်းနည်းအနှောက်အရှက်ဖြစ်သွားတယ် အဲဒါကြောင့် ကျနော်တို့ ဒီပြောင်းလဲမှု ဒီနိုင်ငံရေးအခင်းအကျင်းကတော့ ပြည်ထောင်စုရဲ့ ပြုပြင်ပြောင်းလဲမှုကို ဦးစားပေးပြီး လူထုက ရွေးချယ်တယ်လို့ပဲ မြင်တယ် ဒါပေမဲ့အခု ကိုယ့်ဒေသမှာ ချင်းပြည်နယ်မှာ ချင်းပါတီတို့ ဇိုမီးပါတီတို့ကတော့ ရွာအလိုက်ပြန်ကြည့်မယ်ဆိုရင် တော်တော်များများက အားပေးတုန်းပါပဲ မထားခဲ့ဘူး အဲဒါကြောင့် နည်းနည်းတော့ အံ့သြစရာကောင်း တယ်လို့ပြောလို့ရတယ်။

မေး။      ။ လာမယ့် ချင်းပြည်နယ် လွှတ်တော်သက်တမ်းမှာဆိုရင် NLD ပါတီကိုယ်စားလှယ်တွေက အများစုဖြစ်မယ်၊ အတိုက်အခံဆိုလို့ ZCD ကနေ တစ်ယောက် CNLD ကနေ ၁ ယောက်ပဲရှိမှာဆိုတော့ အတိုက်အခံအင်အားက အတော်လေးနည်းသွားမယ်ဆိုတော့ ဘယ်လိုအကျိူးသက်ရောက်မှုတွေရှိလာနိုင်လဲ။ ဆရာတို့အတွက် ဘယ်လိုစိန်ခေါ်မှုတွေရှိလာနိုင်လဲ။

ဖြေ။       ။ ကျနော့်အမြင်မှာ အခုလောလောဆယ်က ဥပဒေပြုရေးတို့ဘာတို့က တိုင်းဒေသကြီးမှာတော့ အဲလောက်ကြီး မလုပ်နိုင်ခဲ့ကြဘူး ချင်းပြည်နယ်ဆိုရင် ပိုအားနည်းတယ် အတိုက်ခံပါတီနဲ့ အစိုးရဆိုတာကတော့ အမြဲတမ်းရှိရမှာ ဒါပေမဲ့ ဒီနှစ်ကနည်းနည်းအားနည်းသွားတဲ့အခါကျတော့ ဒါပေမဲ့အခု ပြီးခဲ့တဲ့ (၅) နှစ်သက်တမ်းကို ကျနော့်အတွေ့အကြုံ ပြန်ကြည့်တဲ့အခါကျတော့ အများစုအားဖြင့် NLD ပါပဲ ပါတီအတွင်းမှာ တိုက်ခိုက်မှုတွေ အငြင်းပွားမှုတွေ တစ်ခြားပါတီနဲ့ NLD ကြားမှာတော့မရှိဘူး NLD အတွင်းမှာပဲ ကိုယ်စားလှယ်နဲ့ အစိုးရအတွင်းမှာပဲဖြစ်တာများတယ် ဒါကြောင့် ဒီအတွက်တော့ အဲလောက်ကြီးတော့ စိတ်ပူစရာတော့မရှိဘူးထင်ပါတယ်။

မေး။      ။ ဦးပေါင်လွန်မင်းထန်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်လာတော့ ပထမဦးဆုံးအနေနဲ့ ဘယ်အရာတွေကိုလုပ်ဆောင်သွားဖို့စီစဉ်ထားလဲ။

ဖြေ။       ။ ကျနော်တို့နိုင်ငံရဲ့ အခြေအနေအရတော့ ကျနော်တို့က ဘုရားကျေးဇူးတော်ကြောင့်ပေ့ါ ပထမအစိုးရ သက်တမ်းမှာ ကျနော်ဝင်ဝင်ခြင်းမှာ ဝန်ကြီးတစ်ပါးဖြစ်သွားတယ် အာဏာရပါတီမှာ ကျနော်ဝန်ကြီးတာဝန်ယူလိုက်တော့ အဲဒီနေရာမှာတော့ လွှတ်တော်ဘက်မှာ သိပ်မပါတော့ဘဲ အစိုးရအလုပ်ကိုဘဲလုပ်ခဲ့တယ် အခုဒီနှစ်မှာ အစိုးရထဲမှာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အရေးကြီးဆုံးကတော့ ပြည်သူတွေကို ကျနော်တို့လက်ရှိနိုင်ငံရေး လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းလေးတွေ လက်ရှိပြောင်းလဲနေတဲ့ပြုပြင်ပြောင်းလဲမှုတွေ အများပြည်သူတွေနားလည်အောင်လုပ်ဖို့ NLD ဘဲဖြစ်ဖြစ် ZCD ဘဲဖြစ်ဖြစ် ဘယ်ပါတီမဆိုကျနော်တို့ ဒီအပြောင်းလဲကာလမှာ ပွင့်လင်းမြင်သာစွာနဲ့ ကျနော်တို့လက်တွဲဆောင်ရွက်မှပဲ အောင်မြင်မှာဖြစ်တယ် အဲဒါကြောင့် အသိပညာပေးတဲ့လုပ်ငန်းတွေမှာ များများလုပ်ချင်တယ် ကျနော်တို့ကလွှတ်တော်ပိုင်းဆိုတော့ Legalistic Body (ဥပဒေပြုရေးအဖွဲ့) ဘဲဖြစ်တယ် တော်တော်များများက နားမလည်တာက နိုင်ငံရေးမှာမပါဝင်ရင် ကျောင်းရမယ် လမ်းရမယ်ဆိုတဲ့ဟာ တစ်ခုဘဲကြည့်နေကြတယ် ကျနော်တော့ အဲလိုမဟုတ်ဘဲနဲ့ ဥပဒေဘယ်လောက်ပြုနိုင်မလဲ ကျနော်တို့ဒေသနဲ့ လိုက်လျှော်ညီထွေဖို့ သယံဇာတခွဲဝေမှုတွေ ပြီးတော့ အခွန်နဲ့ ပတ်သက်တဲ့ကိစ္စလေးတွေရှိတယ် အဲဒါလေးတွေကို ကျနော်တို့ ဘယ်ပါတီမဆို လွှတ်တော်မှာ များများဆွေးနွေးပြီးတော့ ဒေသနဲ့ လိုက်လျောညီထွေတဲ့ ဥပဒေတစ်ခုထွက်လာနိုင်ရင်လည်း အဲဒါမျိုးက အားလုံးအတွက် ပြည်သူအတွက် အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။

မေး။      ။ ချင်းပြည်နယ် ချင်းလူထုအတွက် ဘယ်အရာတွေကို ဦးစားပေးလုပ်ဆောင်သွားမှာလဲ။ လွှတ်တော်ထဲမှာကော် ဘယ်လိုအဆိုမျိူးတွေ တင်သွင်းဖို့ စိတ်ကူးထားပါသလဲ။

ဖြေ။       ။ ချင်းအရေးပေါ့နော် ချင်းပြည်နယ်အရေး အစတုန်းက ကျနော်လည်းပြောပါတယ် ကျနော်တို့ မြို့နယ် အစွဲတွေမလုပ်ဘဲနဲ့ ချင်းပြည်နယ်ကတော့ ပထမအစိုးရ ဒုတိယအစိုးရပေါ့ ၂၀၁၆ တက်ခါစတုန်းက ကျီခါးမှ ပလက်ဝဆိုတဲ့ မူတစ်ခုလောက်ချပါတယ် ပြီးခဲ့တဲ့ သက်တမ်းမှာလည်း ကျီခါးမှ ပလက်ဝကို လမ်းမကြီးပေါက်အောင်ကြိုးစားကြတယ် အဲဒီစိတ်ပါပဲ အဓိကတော့ ကျီခါးနဲ့ ပလက်၀ အားလုံးချင်းပြည်နယ်အရေးလုပ်ကျမယ်ဆိုရင်တော့ ကျနော်တို့ ဘာမှပြသာနာမရှိပါဘူး ကျနော်လည်းပဲ (၉) မြို့နယ် အရေးကိုဘဲ ဦးစား‌ပေးပြီးတော့ ကိုယ့်ဒေသ တွန်းဇံကြီးပဲ ကိုယ့်ကျီးခါးတွေအတွက်ပဲမဟုတ်ပဲနဲ့ မြို့နယ်တိုင်းရဲ့ အကျိုးကိစ္စဆောင်ရွက်ဖို့ပဲ ကျနော်စဉ်းစားပါတယ် အဲလိုလည်းဖြစ်သင့်ပါတယ်။

မေး။      ။ ယခုလက်ရှိ ချင်းပြည်နယ်အစိုးရဖြစ်စေ၊ ချင်းပြည်နယ်လွှတ်တော်ကိုဖြစ်စေ နှစ်ရပ်လုံးအပေါ် ဦးပေါင်လွန်မင်းထန်ရဲ့အမြင်သိချင်ပါတယ်၊ အားရကျေနပ်မှုရှိလား။ အားသာချက်အားနည်းချက်ဘယ်လိုရှိလဲ။

ဖြေ။       ။ ဒီ (၅) နှစ်သက်တမ်းမှာတော့ ကျနော်တို့ ခရီးတစ်ခုသွားမယ်ဆိုရင်တော့ ဘယ်လောက်မှမသွားနိုင်သေးဘူး အစိုးရရော လွှတ်တော်ရော သိပ်မလုပ်နိုင်သေးဘူး အဲဒါကြောင့် ဒီ (၅) နှစ်ရဲ့ခရီးကိုတော့ ကောင်းကောင်းသွားနိုင်ဖို့လို ပါတယ် ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ဖက်ရော အစိုးရဖက်ရော ဒီအပြောင်းအလဲကာလမှာ Transformation (ပြောင်းလဲခြင်း) မှာ ကျနော်တို့က သိသိသာသာပြောင်းလဲနိုင်အောင်ဘယ်သူမှမဆောင်ရွက်နိုင်ဘူး။ ဒါတော့အားလုံး အသိပဲ အဲဒါကြောင့် အားနည်းတယ် အားသာတယ်ဆိုတာထက်ပေါ့၊ ကျနော်တို့ အရေးကြီးဆုံးကတော့ Legalistic Body (ဥပဒေပြုရေးအဖွဲ့) အားကာင်းဖို့ပေါ့နော်၊ အခုလွှတ်တော်ကိုပြန်ကြည့်လိုက်တဲ့အခါကျတော့ ကျနော်တို့လွှတ်တော်က လည်းပဲ အခုနကျနော်ပြောသလို ဖွံ့ဖြိုးရေးလောက်ပဲ တောင်းဆိုတာများတယ် တကယ့် ဥပဒေပြုနိုင်တဲ့အတိုင်းအတာက အားနည်းတယ် အဲလိုမဖြစ်အောင်ကျနော်တို့ ထိန်းသိမ်းဖို့လိုတာပေ့ါ အဲဒါကြောင့် ဒီ (၅) နှစ်သက်တမ်း ပထမ ကြံ့ခိုင်ရေး အစိုးရကိုတော့မမှီလိုက်ဘူး ဒီ NLD ဦးဆောင်တဲ့ ဒီ (၅) နှစ်သက်တမ်းမှာတော့ ကျနော်တို့ စိတ်တိုင်းကျအောင်တော့ ဘာမှမလုပ်နိုင်သေးဘူး ဒါပေမဲ့ မကောင်းဘူးဆိုတာထက်ကောင်းပါတယ် ဒါပေမဲ့ Infrastructural (အခြေခံအဆောက်အ အုံ) ပိုင်းမှာတော့ အများကြီးလုပ်နိုင်ခဲ့တယ် ဒါပေမဲ့ လွှတ်တော်ရဲ့ သဘောသဘာ၀ လွှတ်တော်ရဲ့ ဥပဒေပြုရေးကိစ္စမှာ တော့ အားရကျေနပ်စရာသိပ်မလုပ်နိုင်သေးဘူး အဲလိုပဲကိုယ့်ကိုကိုယ်သုံးသပ်ပါတယ်။

မေး။      ။ ချင်းပြည်နယ်မှာ အသစ်တက်လာမယ့် အစိုးရအဖွဲ့ကို ဘယ်အပိုင်းတွေလုပ်ဆောင်စေချင်လဲ။

ဖြေ။       ။  အခုနှစ်သစ်ပိုင်းမှာ အစိုးရသက်တမ်းဖက်မှာတော့ ဟိုတယ်နဲ့ ခရီးသွားကိစ္စတွေ အခုအစပြုခဲ့တဲ့ စိုက်မွေး ဝန်ကြီးတင်သွင်းထားတဲ့ Organic ကျနော်တို့ပြည်နယ်က ဓာတုကင်းစင်ဇုန်ဖြစ်ဖို့ ဒါလေးတွေ သူတို့အဆိုတင်သွင်းထား တာရှိပါတယ် အဲဒါတွေ Implement (ပြီးစီးအောင်မြင်အောင်ဆောင်ရွက်သည်) လုပ်နိုင်အောင်ကျနော်တို့ ပေါင်းပြီးတော့ လုပ်နိုင်အောင် ပြီးရင် ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း ကျနော်တို့ Smokeless Industry (မီးခိုးကင်းစင်သော စက်မှုလုပ်ငန်း) ကတော့ ချင်းပြည်နယ်မှာမလုပ်လို့မဖြစ်ဘူး ဒါမျိုးလုပ်မှပဲ ကျနော်တို့က ဒီမှာလည်း ရွှေမထွက်ဘူး သယံဇာတသိပ်မရှိဘူး အဲဒါကြောင့် ဒါလေးတွေဆက်ပြီးတော့ အားဖြည့်ဖို့လိုမယ်။

မေး။      ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွပ်ပြောချင်တာရှိပါသေးလဲ။

ဖြေ။       ။ ချင်းပြည်နယ်ကတော့ ခရစ်ယာန်တွေများတဲ့ဒေသလည်းဖြစ်တယ် ကျနော်တို့ မေတ္တာအဓိကထားပြီးတော့ ဆောင်ရွက်ကြဖို့တော့လိုပါတယ်။ အခုရွေးကောက်ပွဲဆိုတာက အလုပ်လုပ်ခွင့်ရအောင်ကျနော်တို့ ပြိုင်ကြတာဖြစ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးလည်းမဟုတ်ပါဘူး ကျနော်တို့က အရွေးခံတယ်ဆိုကတည်းက ဒီပြည်သူ့အတွက် ကိုယ့်မဲဆန္ဒနယ်တစ်ခုကိုယ်စားပြုနိုင်တဲ့ အခွင့်အရေးတစ်ခုရသွားတာဖြစ်ပါတယ် အဲဒါကြောင့် အရွေးခံတဲ့လူရော အရွေးမခံတဲ့လူရော ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ ကျနော်တို့အရွေးခံတဲ့လူကတော့ မခံတဲ့လူအတွက်ပါလုပ်ပေးဖို့ တာဝန်ရှိတယ်။

Most read this week

July 3, 2024
ချင်းတော်လှန်ရေးကာလတွင် အဆင့်မြင့်ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများသည်...
July 3, 2024
မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၀) ပန်းသွယ်ကျေးရွာတွင် ဝမ်းရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားနေပြီး...
July 2, 2024
ချင်းပြည်နယ်၊ မတူပီမြို့တွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာမှု အချိန်မရွေး...