ပူတာအိုခရိုမှ ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအသုံးစရိတ်စာရင်းတင်ပြမှု နောက်ဆုံးရက်မတိုင်မီ ရာနှုန်းပြည့်ပြီးစီး

ပူတာအိုခရိုမှ ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအသုံးစရိတ်စာရင်းတင်ပြမှု နောက်ဆုံးရက်မတိုင်မီ ရာနှုန်းပြည့်ပြီးစီး
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲအသုံးစရိတ်စာရင်းတင်ပြမှု နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း အဆိုပါခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

“ရွေးကောက်ပွဲအသုံးစရိတ်တင်ရမယ့် ကိုယ်စားလှယ်လောင်းအားလုံး ၇၅ ဦးရှိတယ်။ အဲဒီထဲမှ ၇၄ ဦးတင်ပြီးပြီ။ တစ်ယောက်ပဲ လိုတော့တာ။ ဒါပေမဲ့ အဲတစ်ယောက်လည်း ခုနလေးတင်လာတင်သွားတော့ အခုစစ်နေတယ်။ အားလုံးပြီးပြီ လို့ပြောလို့ရပါတယ်” လို့ ပူတာအိုခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်အိအိဖြိုးကပြောသည်။

ပူတာအိုခရိုင်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအသုံးစရိတ်တင်ရန် ပျက်ကွက်မှုမရှိခဲ့သော်လည်း ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအသုံးစရိတ်တင်ရန် ပျက်ကွက်သူ လေးဦးရှိခဲ့ကာ ၎င်းတို့သည်က ချင်ပြည်နယ်ဒီမိုကရေစီပါတီမှ တစ်ဦး၊ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ကရက်ပါတီမှတစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှတစ်ဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်ကတော့ ပျက်ကွက်တာမရှိဘူး။ ကျွန်မတို့အနေနဲ့လည်း ဒီဘက်တောင်ပေါ်မှာဆိုရင် လမ်းပန်းဆက်သွယ် ရေးခက်ခဲတော့ ကိုယ်စားလှယ်တွေကိုလည်း ဖုန်းနဲ့စာနဲ့ အကြောင်းကြားခဲ့ပြီး လုပ်ဆောင်ခဲ့တယ်။ ကိုယ်စား လှယ်တွေကလည်း သတ်မှတ်ရက်မရောက်ခင်မှာဘဲ အားလုံးလာတင်သွားကြတယ်။ သတ်မှတ်ထားတဲ့ ငွေပမာ ဏကျော်ပြီးတင်တာမျိုးလည်း မရှိဘူး”ဟု  ရွေးကောက်ပွဲအရာရှိဒေါ်အိအိဖြိုးကပြောသည်။

ရွေးကောက်ပွဲဆိုင်ရာတိုင်မှုများနှင့်ပတ်သက်၍ ပူတာအိုခရိုင်တွင် ပါတီအချင်းချင်းတိုင်တန်းမှု သုံးမှုရှိခဲ့ပြီး ထိုအမှု များကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့များကပြေလည်အောင်ဖြေရှင်းပေးနိုင်ခဲ့ကြောင်း ရွေးကောက်ပွဲအရာ ရှိ ဒေါ်အိအိဖြိုးက ဆက်လက်ပြောသည်။

ပူတာအိုခရိုင်တွင် ၂၀၁၅ ရွေးကောက်ပွဲက မဲထည့်ခွင့်ရှိသည့် လူဦးရေ ၅၅၃၆၂ ရှိခသော်လည်း ယခုနှစ် ရွေးကောက်ပွဲတွင်မူ  မဲဆန္ဒရှင်စုစုပေါင်း ၆၀၂၇၅ ဦးရှိခဲ့ပြီး မဲဆန္ဒရှင်ပိုမိုများပြားလာသည်။

ပူတာအိုခရိုင်တွင်ပြည်ခိုင်ဖြိုးပါတီ (USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်အမျိုးသားကွန်ကရက်ပါတီ၊ ညီညွတ်သောကွန်ကရက်ပါတီ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UPB) စုစုပေါင်းရှစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ခေါင်လန်ဖူးမြို့နယ်တွင် ၁၆ ဦး၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၁၂ ဦး၊ နောင်မွန်းမြို့နယ်တွင် ၁၁ ဦး၊ ပူတာအိုမြို့နယ်တွင် ၂ဝ ဦး၊ မချမ်းဘောမြို့နယ်တွင် ၁၁ ဦး၊ အမျိုးသားလွှတ်တော်တွင် ငါးဦး စုစုပေါင်း ၇၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...