ထောက်ခံမဲ ၁၂ ရာခိုင်နှုန်းမကျော်သဖြင့် ကျားနီပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀ ကျော် ရွေးကောက်ပွဲအာမခံငွေဆုံးရှုံး

ထောက်ခံမဲ ၁၂ ရာခိုင်နှုန်းမကျော်သဖြင့် ကျားနီပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀ ကျော် ရွေးကောက်ပွဲအာမခံငွေဆုံးရှုံး

ထောက်ခံမဲ ၁၂ ရာခိုင်နှုန်းမကျော်သဖြင့် တိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီပါတီ) မှ ကိုယ်စားလှယ်လောင်း ၃၆ ဦး ရွေးကောက်ပွဲအာမခံငွေဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် ကျားနီပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နေရာမှ အနိုင်ရရှိခဲ့ခြင်းမရှိသည့်အပြင် ထောက်ခံမဲ ၁၂ ရာခိုင်နှုန်းမကျော်သူ ၃၆ ဦးနှင့် ယင်းရာခိုင်နှုန်းကိုကျော်လွန်သူ ငါးဦးသာရှိခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲအာမခံငွေကို ကချင်ပြည်နယ်မှ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း လေးဦးနဲ့စစ်ကိုင်း တိုင်းမှာဝင်ပြိုင်တဲ့ တစ်ဦးတော့ ရပါတယ်ဗျ။ ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်တွေလည်း အားလုံးတင် ထားပြီးပါပြီ” ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ဦးစိုင်းကျော်ထွေးက ပြောသည်။

ရွေးကောက်ခံကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းရာပါက ရွေးကောက်ပွဲ၀င်ခွင့်ဆိုင်ရာ အာမခံငွေ သုံးသိန်းကျပ်ကို မြန်မာ့စီးပွားရေးဘဏ်တွင်တင်သွင်းရပြီး ထောက်ခံဆန္ဒမဲ ၁၂ ရာခိုင်နှုန်းကျော်ပါက ထိုအာမခံငွေကို ပြန်လည်ထုတ်ယူခွင့်ရှိကြောင်း ရွေးကောက်ပွဲဆိုင်ရာဥပဒေတွင် ဖော်ပြထားကြောင်း သိရသည်။

ကျားနီပါတီသည် ယခုနှစ်ရွေးကောက်ပွဲအား ကချင်ပြည်နယတွင် ၃၁ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၀ နေရာ စုစုပေါင်း ၄၁ နေရာ ၀င် ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၃.၆ ရာခိုင်နှုန်း၊ အသက် ၃၅ နှစ်အောက် လူငယ်ကိုယ်စားလှယ်လောင်း ၃၁.၅၈ ရာခိုင်နှုန်းနှင့် အသက် (၃၅) နှစ်အထက်ကိုယ်စားလှယ်လောင်း ၅၅.၂၆ ရာခိုင်နှုန်း ပါဝင်ခဲ့သည်။

အဆိုပါပါတီအနေဖြင့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုယ်စားလှယ်တစ်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေရာ၀န်ကြီးနေရာတို့တွင် အနိုင်ရရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်ဦးမှ အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းတစ်ဦးမှ မရရှိခဲ့သော်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို လွှတ်တော်ပြင်ပမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲရလဒ်များထွက်ပေါ်လာပြီးနောက် ၎င်းပါတီ၏သဘောထားကို ထုတ်ပြန်ခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...