ကချင်တွင် ပါတီဆိုင်ဘုတ်များမှရရှိသည့်အခွန်ငွေ သိန်းတစ်ရာကျော်ရှိ

ကချင်တွင် ပါတီဆိုင်ဘုတ်များမှရရှိသည့်အခွန်ငွေ သိန်းတစ်ရာကျော်ရှိ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်တွင်း နိုင်ငံရေးပါတီများအသုံးပြုခဲ့သည့် ဆိုင်းဘုတ်မှ ရရှိသည့်အခွန်ငွေ ကျပ်သိန်းပေါင်းတစ်ရာကျော်ရှိကြောင်း ကချင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးနော်လီက ဒီဇင်ဘာ ၇ ရက်က ပြောကြားခဲ့သည်။

၂၀၂ဝ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း နိုင်ငံရေးပါတီပေါင်း ၁၇ ပါတီယှဉ်ပြိုင်ခဲ့ပြီး အဆိုပါ ပါတီများအနေဖြင့် မဲဆွယ်ကာလအတွင်း  စည်ပင်ဧရိယာ၌  ပါတီအောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူခဲ့ရာမှ အခွန်ငွေစုစုပေါင်း ၁၀၁၇၇၂၆၂ ကျပ် ကောက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ပါတီဆိုင်းဘုတ်မှ အခွန်ဝင်ငွေရရှိမူကတော့ ကျပ်သိန်းပေါင်းတစ်ရာကျော်ရရှိတယ်။ အဲထဲကမှ အများဆုံးရရှိတာကတော့ မြစ်ကြီးနားမြို့နယ်က ၂၅၁၆၇၅၀ ကျပ်ဖြစ်ပြီး ဒုတိယအများဆုံး ဝိုင်းမော်မြို့နယ်မှ ၁၃၅၁၅၀၀ ကျပ်၊ ပြီးတော့ တတိယအများဆုံးအဖြစ် ဗန်းမော်က ၅၄၈၇၅၀ ကျပ် ရရှိခဲ့တယ်။ အဓိကတော့ စည်ပင်ဧရိယာထဲကဘဲ ကောက်တာပါ။ စည်ပင်ဧရိယာမဟုတ်တဲ့နေရာကတော့ မကောက်ပါဘူး” ဟု ကချင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးနော်လီကပြောသည်။

ယင်းသိန်းတစ်ရာကျော်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၅ ဖွဲ့မှ ကောက်ခံရရှိခဲ့သည့် အခွန်ငွေများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီပေါင်း ၁၇ ပါတီရှိပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၅၀၃ ဦးရှိသည်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ၁၁၅၀၄၀၇ ရှိသည့်အနက် မဲပေးသူ ၇၆၀၅၆၇ ရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၆၆.၁၁ ရာခိုင်နူန်းသာရှိသည့်အတွက် တစ်နိုင်ငံလုံးတွင်အဆင့် နံပါတ် ၁ဝ နေရာတွင်ရှိကြောင်းနှင့် NLD ပါတီက နေရာအများဆုံးအနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...