“ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့အနေအထားက လက်တွေ့ကျကျဖော်ဆောင်တဲ့ အသင်းအဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေ၊ အစိုးရတွေကို မတွေ့ခဲ့ရဘူး”

“ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့အနေအထားက လက်တွေ့ကျကျဖော်ဆောင်တဲ့ အသင်းအဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေ၊ အစိုးရတွေကို မတွေ့ခဲ့ရဘူး”
by -
နော်ဒွေးအယ်ခူ (KT)

ကယန်းတိုင်းရင်းသားလူမျိုးရေးရာမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ခွန်းတင်နုနှင့်အင်တာဗျူး

ရှမ်းပြည်နယ်၏ ကယန်းတိုင်းရင်းသားဝန်ကြီးတစ်ဦးအနေဖြင့် လာမည့် ငါးနှစ်အတွင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ကယန်းအမျိုးသားပါတီမှ ရှမ်းပြည်နယ်၏ ကယန်းတိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ခွန်းတင်နုအား ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး။    ။ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတစ်ဦးအနေနဲ့ လာမည့်အစိုးရသက်တမ်းမှာ ဘာတွေ အကောင်အထည်ဖော်သွားမလဲ။

ဖြေ။     ။ ဒီရွေးကောက်ပွဲမှာကတော့ မဲဆန္ဒရှင်တွေကို ကျွန်တော့် ကတိကဝတ်ပေးခဲ့တာ ရှိပါတယ်။ ရွေးကောက်ပွဲကတိကဝတ်က ငါးချက်ရှိပါတယ်။ ဒီငါးချက်ကိုအကောင်အထည်ဖော်ဖို့ကို ကျနော်ဆုံးဖြတ်ထား တယ်ပေါ့နော်။ နံပါတ်တစ်တစ်ချက်ကတော့ ကယန်းအမျိုးသားညီညွတ်ရေး ကိစ္စဖြစ်ပါတယ်။ နောက်နံပါတ်နှစ် ကတော့ ကယန်းအမျိုးသားပြန်လည်စုစည်းရေးကိစ္စဖြစ်တယ်။ နံပါတ်သုံးက ကယန်းစာပေနှင့်ယဉ်ကျေးမှု ထွန်း ကားပြန့်ပွားရေးကိစ္စဖြစ်တယ်။ နံပါတ်လေးအချက်က ညီလာခံအတည်ပြုအကောင်အထည်ဖော်နိုင်ဖို့ဖြစ်တယ်။ နောက်ဆုံးနံပါတ် ငါးအချက်ကတော့ ကယန်းဒေသဖွံဖြိုးရေးကို အားလုံးနဲ့ပူးပေါင်းမယ်ဆိုပြီးတော့ အချက် ငါးချက်က ကျွန်တော့်ရဲ့ရွေးကောက်ပွဲကတိကဝတ်ဖြစ်ပါတယ်။

မေး။    ။ကတိကဝတ်ငါးချက်ထဲမှာ ဘယ်တစ်ချက်ကို အရင်ဆုံးလုပ်ဆောင်မလဲ။

ဖြေ။     ။ တစ်ချို့ကတိကဝတ်တွေက ရေရှည်လုပ်ရမယ့်အတိကဝတ်တွေဖြစ်တယ်။ တစ်ချို့ကတိကဝတ်တွေကတော့ ကျွန်တော်အာဏာရတယ်ပဲပြောရမလား။ ဝန်ကြီးဖြစ်နေတဲ့ကာလအတွင်းမှာ မဖြစ်မနေအကောင်အထည်ဖော်ရမယ့် ကတိကဝတ်တွေရှိတယ်။ ဥပမာ မှတ်ပုံတင်ကိစ္စဆိုရင် ကျနော်တာဝန်ထမ်းဆောင်တဲ့ ကာလအတွင်းမှာ မဖြစ်မနေအကောင်အထည်ဖော်ချင်တယ်။ ကျန်တဲ့ညီညွတ်ရေးကိစ္စတွေ စာပေယဉ်ကျေးမှုကိစ္စတွေ ပြန်လည်ညီညွတ်ရေးကိစ္စ ဖွံဖြိုးရေးကစ္စတွေကတော့ လက်တစ်လောလုပ်ဖို့လိုအပ်သလို ရေရှည်မှာလည်းလုပ်ဖို့ လိုတယ်ပေါ့ေနာ်။ အဲ့တာကြောင့်မလို မှတ်ပုံတင်ကိစ္စကတော့ ကျွန်တော်ဝန်ကြီးတာဝန်ထမ်းဆောင်တဲ့ ကာလအတွင်းမှာတော့ မဖြစ်မနေ တတ်နိုင်သလောက် ဆောင်ရွက်ပေးသွားမယ်ပေါ့နော်။

မေး။    ။ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ NLD ပါတီကနေပြီးတော့မှ တိုင်းရင်းသားနဲ ့ပူးပေါင်းဖို့ ဖိတ်ခေါ်တဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ။     ။ ကျနော် ကယန်းအမျိုးသားပါတီရဲ့ မူဝါဒပဲပြောပြော ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ သဘောထားပဲပြောပြော ဒီမိုကရက်တစ်အင်အားစုတွေပေါ့နော်။ ပြီးတော့ ဖယ်ဒရယ်ဒီမိုကရေစီလိုလားတဲ့အုပ်စုတွေ ခုနကပြောတဲ့ ဒီမိုကရက်တစ်အုပ်စုတွေ အမြဲတမ်းလက်တွဲဖို့အဆင်သင့်ပါပဲပေါ။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုပြောချင်တာက တို့တိုင်းရင်းသား အရေးကိစ္စကိုနောင်တစ်ချိန်မှ ပိုလုပ်ပေးမယ်ဆိုတဲ့ဟာမျိုးက တော့ ကျွန်တော်သိပ်လက်မခံနိုင်ဘူး။ တစ်ဖက်မှာ ဒီမိုကရေစီအရေးကိုလုပ်မယ်၊ တစ်ဖက်ကဖွဲ့စည်းပုံပြင်ဆင် ရေးကိုလုပ်မယ်၊ တစ်ဖက်မှာပြည်တွင်းငြိမ်းချမ်းရေးကိစ္စကိုလုပ်ရင်းနဲ့ တိုင်းရင်းသားအရေးကို တစ်ခါတည်း ပူးတွဲလုပ်ဆောင်ပေးဖို့လိုတယ်။ ဒါကြောင့်မလို့ ဒီလိုမျိုးလက်ကမ်းကြိုဆိုတာ အများကြီးဝမ်းသာပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့လက်တွေ့ကျကျ လုပ်ဆောင်ပေးဖို့ပဲလိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ကျွန်တော်တို့တိုင်းရင်း သားတွေရဲ့အနေအထားက လက်တွေ့ကျကျဖော်ဆောင်တဲ့ အသင်းအဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေ၊ အစိုးရတွေကို မတွေ့ခဲ့ရဘူး။ ဒါကြောင့် ဒီထက်ပိုပြီးယုံကြည်ဖို့ဆိုရင်တော့ လက်တွေ့ကျကျလုပ်ဆောင်ပေးဖို့ပဲ တောင်းဆိုပါတယ်။

မေး။    ။ ငါးနှစ်သက်တမ်းတာဝန်ထမ်းဆောင်တဲ့အခါကျရင် ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကို ဘယ်လောက်ထိ မျှော်မှန်းထားလဲ။

ဖြေ။     ။ အဲ့အပိုင်းကတာ့ ပြောဖို့တော့နည်းနည်းခက်မယ်ပေါ့နော်။ ပြည်သူတွေကတော့ ပူးပေါင်းမှုရှိပြီးသားပါ။ အဓိက ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာက ကျွန်တော်ဘာတွေလုပ်ပိုင်ခွင့်ရှိလဲ၊လုပ်ပိုင်ခွင့်မရှိဘူးလဲ။ ဘတ်ဂျက်ခွဲတမ်းဘယ်လောက်ထိသုံးပိုင်ခွင့်ရှိလဲ၊ ဒီအပေါ်မှာမူတည်ပြီးတော့မှ နောက်တစ်ခုက ကျွန်တော်တို့ အဖွဲ့အစည်းတွေကို ဘယ်လောက်ဖိတ်ခေါ်နိုင်လဲဆိုတာ မူတည်ပြီးတော့မှ ကယန်းဒေသရဲ့ဖွံဖြိုးရေးကို အတတ် နိုင်ဆုံးလုပ်သွားဖို့ရှိတယ်။ ဘယ်လောက်ထိလုပ်ဆောင်သွားနိုင်မလဲဆိုတာကတော့ ဒီအချိန်မှာပြောဖို့တော့ စောသေးတယ်။ ကျွန်တော်လည်းအာမမခံချင်ဘူး။ဒါပေမယ့် သေချာတာတစ်ခုက ကျွန်တာ်အတတ်နိုင်ဆုံး ကယန်းလူထုတွေရဲ့ လိုအပ်ချက်ကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ပြောချင်ပါတယ်။

မေး။    ။ ဘာတွေများ ထပ်ပြီးဖြည့်စွက်ချင်ပါသလဲ။

ဖြေ။     ။ ဖြည့်စွက်ပြောချင်တာကတော့ ခုနကကျွန်တော်ရဲ့ ရွေးကောက်ပွဲကတိကဝတ် ငါးချက်ပဲ။ အတတ်နိုင်ဆုံး ငါးနှစ်အတွင်းမှာ အကောင်အထည်ဖော်ချင်တယ်။ ပြီးတော့ကျွန်တော်တို့ကယန်းတွေ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ပြန်တည်ဆောက်ချင်တယ်။ နောက်ပြီးတော့ ယဉ်ကျေးမှုကိစ္စတွေ ဒီးထက်ထွန်းကားပြန့်ပွားအောင် လုပ်ချင်တယ်။ကျွန်တော်ပြောတဲ့ကတိကဝတ် ငါးချက်ကိုရာနှုန်းပြည့်မလုပ်ဆောင်နိုင်ရင်တောင်မှ ၅၀ ရာခိုင်နှုန်း ကျော်ကျော်တော့ ကျွန်တော်လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်။ ကျွန်တော့်အနေနဲ့ကယန်းလူထုနဲ့ ကယန်းဒေသအတွက် ပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့အတွက်ကြောင့် အကောင်းဆုံးလုပ်နိုင်မယ်လို့တော့ ယုံကြည်ပါတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...