တပ်မ ၈၈ က မဲပုံးခိုးသွားတဲ့သူကို တပ်မတော်အပူတပြင်းလိုက်ပြီဆိုတဲ့ သတင်းအမှားများထွက်ပေါ်

တပ်မ ၈၈ က မဲပုံးခိုးသွားတဲ့သူကို တပ်မတော်အပူတပြင်းလိုက်ပြီဆိုတဲ့ သတင်းအမှားများထွက်ပေါ်
by -
Hintha

ရွေးကောက်ပွဲဖြစ်စဉ်ကိုသိရဖို့ တပ်မတော်သားတွေမဲပေးခဲ့တဲ့ မြို့နယ် ၂၀၀ ကျော်မှာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါတယ်လို့ နိုဝင်ဘာ ၂၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။ 

ဒီလိုပြောကြားချက်အပေါ်မူတည်ပြီးတော့ မင်းထက်သာဆိုတဲ့ အကောင့်က “တပ်မ ၈၈ က မဲပုံးတစ်ပုံးလုံးခိုးသွားတဲ့ သူခိုးကို တပ်မတော်အပူတပြင်းလိုက်ပြီ မြို့နယ် ၂၀၀ ကျော်က မဲရုံတွေပါ စစ်ဆေးမယ်” ဆိုတဲ့ သတင်းအချက်အလက်အမှားတွေပါတဲ့ပို့စ်ကို နိုဝင်ဘာ ၂၇ ရက်က ညပိုင်း ၈ နာရီ ၄၆ မိနစ်က တင်ခဲ့ပါတယ်။

မူလပြောဆိုချက်အမှန်ကို ထပ်ကွန့်ပုံဖျက်လိုက်တဲ့ သတင်းမှားတစ်ရပ်လို့ ကောက်ချက်ချနိုင်ပါတယ်။

ပို့စ်တင်ချိန် ၂၄ နာရီရှိတဲ့အချိန်ထိ စောင့်ကြည့်ခဲ့ရာမှာ ဒီသတင်းမှားကို ပြန်လည်ဖြန့်ဝေသူ ၃၉၀ ကျော်ရှိခဲ့ပြီး React ပြုလုပ်သူ ၅၃၀ ကျော်ရှိခဲ့ပါတယ်။ 

ဒီသတင်းမှာ တပ်မ ၈၈ က မဲပုံးအခိုးခံရတယ်ဆိုတဲ့သတင်းကို ဘယ်တရားဝင်အဖွဲ့အစည်း၊ ဘယ်မီဒီယာတွေမှာမှ မတွေ့ရှိရသလို အခိုးခံရတဲ့ သတင်းမျိုးလည်း မရှိခဲ့ပါဘူး။ တပ်မတော်က သတင်းထုတ်ပြန်ရာမှာလည်း ဒီအကြောင်းအရာ မပါဝင်ခဲ့ပါဘူး။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလို စစ်ဆေးမှုပြုလုပ်နေတာဟာ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ဘယ်ပါတီနဲ့မှ သက်ဆိုင်ခြင်းမရှိဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။ ဒါကြောင့် ဒီအချက်အလက်ဟာ မှားယွင်းနေတယ်ဆိုတာ သိသာပါတယ်။ 

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲကို ဒီမှာ အပြည့်အစုံကြည့်နိုင်ပါတယ် ( https://cutt.ly/DhgKRgP )

ဒီလို အချိန်နဲ့တပြေးညီဖြစ်နေတဲ့သတင်းမျိုးကို အခြေပြုပြီး မမှန်သတင်းတွေဖြန့်ဝေတဲ့ မင်းထက်သာဆိုတဲ့ account မှာလည်း သတင်းတု သတင်းမှားပေါင်း မြောက်များစွာ တွေ့မြင်နေရပြီး FB သူငယ်ချင်းပေါင်း ၃ ထောင်ကျော်ရှိတဲ့ သူ့ရဲ့ account က သတင်းမှားတွေဟာ ပြန့်နှံ့မှု များပြားမြန်ဆန်တယ်ဆိုတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

မင်းထက်သာရဲ့ account ကို ဒီမှာကြည့်ပါ ( https://cutt.ly/jhgLMRl )

ဒါကြောင့် မင်းထက်သာရဲ့ ပို့စ်အပါအဝင် သတင်းမှန်တစ်ဝက်ရောနေတဲ့ သတင်းမှားတွေကို ချင့်ချိန်သတိပြုမိကြစေဖို့ စိစစ်တင်ပြလိုက်ရပါတယ်။

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...