မူဆယ်မဲဆန္ဒနယ် အမှတ် ၅ မှာဝင်ပြိုင်ခဲ့တဲ့ ဦးမော်ထွန်းအောင်ကိုရွေးချယ်ရန် KIA ရဲ့ တိုက်တွန်းချက်အရ SSPP က SNLD ကို အကြံပေးခဲ့ပြီး SNLD က ဦးမော်ထွန်းအောင်ကို ရွေးချယ်ခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ခုကို Kone Khay Tai ဆိုသူ အကောင့်ပိုင်ရှင်က နိုဝင်ဘာလ ၁၁ ရက် နေ့လည် ၂ နာရီ ၃၃ မိနစ်က တင်ထားတဲ့ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။
Kone Khay Tai ဆိုသူ အကောင့်ပိုင်ရှင်တင်ထားတဲ့ ဓာတ်ပုံတွေရဲ့အညွန်းမှာ ရေးသားထားတာကတော့ ရိုးရိုးသားသားနဲ့ လုပ်ကြပါ။ ရှမ်းအမျိုးကိုချစ်ရင် လျစ်လျူမရှု့ကြပါနဲ့ လက်စသတ်တော့ ဒီလိုကိုး SNLD ပါတီ ကျားခေါင်းပါတီ ရှမ်းပြည်သူလူထု ရှမ်းလူမျိုးရေးအပေါ် ရိုးသားမှု မရှိပြီ တပ်ပေါင်းစုနဲ့ ဆက် နွယ်ပြီး စည်းရုံးရေး မူဝါဒ အမြင်များဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။ (မူရင်းအရေးအသားအတိုင်း ဖြစ်သည်။)
အဆိုပါ ရေးသားချက်ဟာ သတင်းအမှားတစ်ခုသာဖြစ်ပြီး ဦးမော်ထွန်းအောင်ကို မူဆယ်မဲဆန္ဒနယ် အမှတ် ၅ အတွက် SSPP ကို KIA က မတိုက်တွန်းခဲ့သလို သူတို့ကလည်း SNLD ကို အကြံပြုခဲ့ခြင်းမရှိဘူးလို့ ရှမ်း ပြည်တိုး တက်ရေးပါတီ SSPP က ပြောရေးဆိုခွင့်သူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။
ဗိုလ်မှူးစိုင်းဖုန်းဟန်က “မရှိပါဘူး။ ဒါက SNLD ရဲ့ မူဝါဒအရက သူတို့ရဲ့ မြို့နယ် အခြေခံ မြို့ နယ် ကိုယ်စား လှယ်ကနေ ပြီးတော့ သူတို့ရွေးချယ်တာရှိတယ်။ ပြီးတော့ ဗဟိုက အတည်ပြုတယ်။ အဲဒါရှိ တယ်ဗျား။ ကျ နော်တို့ပါဝင် ပတ်သက်မှု မရှိပါဘူးခင်ဗျား” လို့ပြောပါတယ်။
SNLD တွဲဖက် အထွေထွေ အတွင်းရေးမှူး ၁ စိုင်းကျော်ညွှန့်ကလည်း ဆိုရှယ်မီဒီယာပေါ်က ရေးသားဖော်ပြ ချက် တွေဟာ ရေးချင်သလို ရေးလို့ရတဲ့အတွက် အဆိုပါရေးသားမှုနှင့် ပတ်သက်၍ ဖြေရှင်း စရာ မရှိဘူး လို့ဆို ပါတယ်။
KIA အနေနဲ့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဖြစ်လာတဲ့ ရွေးကောက်ပွဲကို လက်မခံသော်လည်း ရွေးကောက်ပွဲကို ဝင်ရောက်စွတ်ဖက် နှောက်ယှက်မှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲမတိုင်ခင် ပါတီတွေရဲ့ မဲဆွယ်စည်း ရုံး စဉ်ကာလမှာ သတင်းမီဒီယာများကို ပြောဆို ထားပါတယ်။
KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရွေးကောက်ပွဲကို မနှောက်ယှက်ကြောင်း Kachin News Group ကို ပြောဆိုထားတဲ့ သတင်း https://bit.ly/32QEYeA မှာတွေ့နိုင်ပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင်နှင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလတွေမှာ ဦးမော်ထွန်းအောင်ကလည်း ပါတီအနေနဲ့ ၎င်းကိုရွေးချယ်ခြင်းဟာ ပါတီဖက်က မူဝါဒ ပြောင်းလဲခြင်းမှာ စမ်းသပ်ကြည့်တာလည်း ပါနိုင် ကြောင်း၊ ရှမ်းမြောက်မှာဆိုရင် ရှမ်းနှင့်ကချင် လူမျိုးတွေ ရောပြီး နေထိုင်တာကတစ်ကြောင်း၊ ကချင်ပြည် နယ်မှာ ထက် ကချင်ပြည်နယ် ပြင်ပမှာရှိတဲ့ ကချင်လူမျိုးများကို ကိုယ်စားပြုချင်တာက တစ်ကြောင်းနှင့် နိုင်ငံရေးမှာ လည်း အသစ်သော အရာများကို ဖြစ်စေချင်တဲ့အတွက် SNLD ပါတီနှင့် မူဆယ် မဲဆ န္ဒနယ် ကို ရွေးရခြင်း ဖြစ်တယ်ဆိုပြီး မီဒီယာတွေကို ဖြေဆိုထားပါတယ်။
သတင်းအချက်အလက်တွေပါတဲ့ Kone Khay Tai ဆိုသူ ရေးတင်ထားတဲ့ စာနဲ့ဓာတ်ပုံတွေကို ကြိုက်နှစ် သက်သူ ၉၁ ဦး၊ ထပ်ဆင့်ဖြန့်ဝေသူ ၆၂ ဦးနှင့် Comment ရေးသားသူ ၁၆ ဦးအထိ ရှိနေတာကို တွေ့ရ ပါတယ်။
လက်ရှိအချိန်မှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ ပါတီနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ ရွေး ကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ အပြင် လူမျိုးတစ်မျိုးနှင့် တစ်မျိုး အဖွဲ့အ စည်း တစ်ခုနှင့်တစ်ခု ပဋိပက္ခအသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည် ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။
ဒါကြောင့် လူမှုကွန့်ရက်ပေါ်မှာ သတင်းဖတ်သူများအနေနဲ့ သတင်းတစ်ခုကိုဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် သတင်းအမှားလား/အမှန်လားဆိုတာကို သေချာစီစစ်ပြီးမှသာ ဖြန့်ဝေပေးကြရန် တိုက်တွန်းလိုက်ရပါတယ်။