စစ်တွေမြို့နယ်ရှိ လွှတ်တော်သုံးရပ်လုံးတွင် ANP အနိုင်ရ

စစ်တွေမြို့နယ်ရှိ လွှတ်တော်သုံးရပ်လုံးတွင် ANP အနိုင်ရ
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ လွှတ်တော် ၃ ရပ်စလုံးတွင် ရခိုင်အမျိုးသားပါတီ (ANP) အနိုင်ရရှိခဲ့ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောသည်။

အဆိုပါမြို့နယ်ရှိ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေတွင် ဦးထွန်းအောင်ကျော်၊ ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ်မြေတွင်  ဦးအောင်မြကျော်၊ ပြည်နယ်လွှတ်တော် အမှတ် (၁) တွင် ဦးထွန်းထွန်းအောင်၊ ပြည်နယ်လွှတ် တော် အမှတ် (၂) ဦးအောင်သာနို့တို့ဖြစ်ပြီး ၎င်းတို့သည် ANP ပါတီကိုကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ဒေါ်ခင်စောဝေက “စစ်တွေမှာတော့ ကျမတို့ပါတီက လေးနေရာစလုံး အနိုင်ရပါတယ်။ ရခိုင်က ကိုးမြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းပလိုက်နိုင်တဲ့အတွက် ပြည်သူ တစ်သန်းကျော် မဲထည့်ခွင့် ဆုံးရှုံးနေပါတယ်။ အဲဒီမြို့နယ်တွေမှာ လစ်လပ်မှုတွေ ဖြစ်နေတာပေါ့နော်။ ပြည်သူတွေ တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့တော့ ပြည်သူတွေအတွက် တာဝန်ခံမှု တာဝန်ယူမှု အတတ်နိုင်ဆုံးကြိုးစားပြီး လုပ်ပေးသွားမယ်လို့ ယုံကြည်ချက်ရှိပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပြည်နယ်လွှတ်တော်အမှတ် ၂ နေရာတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးတို့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင်ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့်အပြင် ကျောက်ဖြူမြို့နယ်မှ ရပ်ကွက်နှစ်ခု၊ ကျေးရွာအုပ်စု ၄၉ အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စု ၂၅ အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု လေးအုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၂ အုပ်စုတို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရှိရသည်။

စစ်တွေမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၀၇၂၃၂ ဦးရှိပြီး မဲရုံပေါင်း ၁၀၈ ရုံရှိပြီး ရခိင်ပြည်နယ် မြို့နယ်အမျ်ားအပြားတွင် ရွေးကောက်ပွဲမကျင်းပဖြစ်သဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်းလေးသောင်းကျော်ရှိသည့်အနက် တစ်ဆယ့်နှစ်သိန်းကျော် မဲပေးခွင့်ဆုံးရှုံးခဲ့ကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်တွင်အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ရွေးကောက်ပွဲမျကင်းပဖြစ်သည့် နယ်မြေများမှ ဒေသခံများအတွက်လည်း အလုပ်လုပ်ပေးရမည်ဖြစ်ကြောင်း ဒေါ်ခင်စောဝေက ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...