ကချင်ပြည်နယ်တွင် လက်ရှိဝန်ကြီးများအားလုံး ပြန်လည်အနိုင်ရ

ကချင်ပြည်နယ်တွင် လက်ရှိဝန်ကြီးများအားလုံး ပြန်လည်အနိုင်ရ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် လက်ရှိဝန်ကြီးများအားလုံး ပြန်လည်အနိုင် ရရှိခဲ့ကြောင်း သိရသည်။

 

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အပါအဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးနှင့်သယံဇာတဝန်ကြီး ဦးဒရှီလဆိုင်း၊လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး၊ စည်ပင်ရေးသာယာရေးဝန်ကြီး၊စီမံ/ဘဏ္ဍဝန်ကြီး၊လူမှုရေးဝန်ကြီး၊ဗမာလူမျိုးရေးရာဝန်ကြီး၊ ရဝမ်လူမျိုးရေးရာ ဝန်ကြီး၊ ရှမ်းလူမျိုး ရေးရာဝန်ကြီး လီဆူလူမျိုးရေးရာဝန်ကြီး စုစုပေါင်း ဝင်ရောက်ယှဉ်ပြိုင်သူ ၁၁ ဦးအနက် လီဆူရေးရာဝန်ကြီး (အချက်လက်မသိရသေး) မှလွဲ၍ ကျန် ၁၀ ဦး အနိုင်ရရှိကြောင်း မြေပြင်သို့ ကွင်းဆင်း သတင်းရယူမှုများအရ သိရသည်။

 

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့်လူမူရေးရာ ဝန်ကြီးဦးနေဝင်းတို့သည် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂တွင် လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်နှင့် စည်ပင်သာယာရေးဝန်ကြီး  ဦးနော်လီ(ခမ်းရယ်)တို့သည် ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်၁နှင့် အမှတ်၂တွင်လည်းကောင်း၊  လူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူ့စွမ်းအားဝန်ကြီး ဦးဇော်ဝင်းက တနိုင်းမြို့နယ် မဲဆန္ဒနယ်ပြည်နယ် ၂တွင် လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

 

ထို့ပြင်မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်တွင် မဲဆန္ဒနယ်ပြည်နယ် (၁)တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဘဏ္ဍစီမံဝန်ကြီး ဦးဝေလင်း၊နှင့်ဖားကန့်မြို့နယ် မဲဆန္ဒနယ်ပြည်နယ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သယံဇာတဝန်ကြီး ဦးဒရှီလဆိုင်းလည်း အနိုင်ရရှိကြောင်း သိရသည်။

 

ထို့ပြင် တိုင်းရေးသားရေးရာဝန်ကြီးများဖြစ်သည့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း လီဆူရေးရာဝန်ကြီးမသိသေး၊ရဝမ်တိုင်းရင်းသား ရေးရာဝန်ကြီးနေရာတွင်လည်း ပြန်လည်ရရှိခဲ့သည်။

 

ကချင်ပြည်နယ် ခရိုင်လေးခရိုင်၊မြို့နယ် ၁၈ မြို့နယ်ရှိသည့်အနက် ၂၀၂၀ ရွေးကောက်ပွဲတွင် မြစ်ကြီနားမြို့နယ်၊ဝိုင်းမော်မြို့နယ်၊ဖားကန့်မြို့နယ်၊မိုးကောင်းမြို့နယ်၊မိုးညှင်းမြို့နယ်၊ဗန်းမော်မြို့နယ်၊ရွှေကူမြို့နယ်များတွင် လက်ရှိဝန်ကြီးများက မဲအပြတ်အသတ်ဖြင့်အနိုင်ရရှိထားကြောင်း သိရသည်။

 

သို့သော် မဲရလဒ်မသိရှိရသေးသည့် မြို့နယ်များလည်း ကျန်ရှိနေပြီး အဆိုပါနေရာများသည် နောင်မွန်းမြို့နယ်၊ခေါင်လန်ဖူးမြို့နယ်၊ဆော့လော်မြို့နယ်၊မံစီမြို့နယ်၊တို့ဖြစ်သည်။

 

ကချင်ပြည်နယ် ပြည်နယ်တစ်ခုလုံးတွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်း ၇၀ ဦးဝင်ရောက်ယှဉ်ပြိုင်ရာ လက်ရှိချိန်အထိ ကိ်ုယ်စားလှယ်လောင်း ၃၇ ဦးအနိုင်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...