ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်အမာခံနယ်မြေတွင် NLD အပြတ်သတ်အနိုင်ရ

ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်အမာခံနယ်မြေတွင် NLD အပြတ်သတ်အနိုင်ရ

ချင်းဝါရင့်နိုင်ငံရေးသမား ပူးကျင့်ရှင်းထန်ဦးဆောင်သော Zomi Congress for Democracy (ZCD) ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်အမာခံနယ်မြေဖြစ်သည့် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်နှင့် တွန်းဇံမြို့နယ်တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီက အပြတ်သတ်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

လွှတ်တော်မဲဆန္ဒနယ်မြေ ငါးနေရာရှိသည့် တီးတိန်မြို့နယ်တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ကိုယ်စားလှယ်လောင်းများအားလုံး အနိုင်ရရှိသွားကြောင်း တီးတိန်မြို့နယ် ပြည်နယ်မဲဆန္ဒနယ်မြေ ၂ တွင် NLD ကိုယ်စားပြု၍ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ချင်းပြည်နယ် သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်ကပြောသည်။

“မဲစာရင်းအရတော့ အများစုရပါတယ်။ တစ်မြို့နယ်လုံးပေါ့နော်။ ရှင်းရှင်းပြောရရင် NLD ငါးနေရာလုံးမှာ အနိုင်ရတယ်။ အတည်ပြုဖို့ ကော်မရှင်မှာ တင်ပြထားတယ်” ဟု ဝန်ကြီးဦးမာန်ဟင်းဒါလ်ကပြောသည်။

တီးတိန်မြို့နယ်တွင် တသီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးအပါအဝင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စုစုပေါင်း ခြောက်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း၂၈ ဦး ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

အလားတူ တွန်းဇံမြို့နယ်မှာလည်း အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီက မဲဆန္ဒနယ်မြေ ၂ နေရာမှာ အနိုင်ရရှိပြီး ZCD ပါတီကိုယ်စားလှယ် လက်ရှိချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်နဲ့ ဒေါ်ကျိန်ငိုက်မန်တို့ ၂ ဦး အနိုင်ရရှိခဲ့တယ်လို့သိရပါတယ်။

ZCD ပါတီသည် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတွင် တီးတိန်နဲ့ တွန်းဇံမြို့နယ် နေရာ ခြောကခုတွင်အနိုင်ရရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲသည် အပြိုင်အဆိုင်ရှိသဖြင့် အနိုင်ရှိသလို အရှုံးလည်းရှိ မည်ဖြစ်ကြောင်း ZCD အတွင်းရေးမှူး ဦးဂင့်ကမ်းလျန်က ပြောသည်။

“ZCD ကတော့အခြေအနေမကောင်းဘူး။ သူတို့ NLD က ပိုက်ဆံသုံးတယ်လေ။ မဲတော့သိပ်မကွာဘူး။ ဒါပေမဲ့သူတို့က လက်ရှိနယ်မြေခံဝန်ကြီးပါတာကိုး။ ဝန်ကြီးကလည်းတတ်နိုင်တာပေါ့။ ကိုယ်တို့က ဆင်းရဲသားပါတီဆိုတော့မပေးနိုင်ဘူး။ အပြိုင်အဆိုင်ဆိုတော့ နိုင်တဲ့လူရှိသလို ရှုံးတဲ့လူလည်းရှိရမှာပေါ့” ဟု ၎င်းကပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...