တပ်မတော်နှင့်လက်တွဲလုပ်ဆောင်နိုင်မည့်ပါတီကို မဲပေးခဲ့ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

တပ်မတော်နှင့်လက်တွဲလုပ်ဆောင်နိုင်မည့်ပါတီကို မဲပေးခဲ့ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

တပ်မတော်နှင့်လက်တွဲလုပ်ဆောင်နိုင်မည့်ပါတီကိုမဲပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့ပြင် ၎င်းအနေဖြင့် အမျိုး၊ဘာသာ၊သာသနာနှင့် ဒို့တာဝန်အရေးသုံးပါးကို အလေးထားသည့်ပါတီမျိုးကို မဲပေး ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော့်အနေနဲ့ အမျိုး၊ဘာသာ၊သာသနာ၊ပညာ ဒီအပေါ်မှာ အလေးထားတဲ့ပါတီပေါ့နော်၊နောက်တစ်ခါ ဒို့တာ ဝန်အရေးသုံးပါးကို အလေးထားတဲ့ပါတီပေါ့နော်။နောက်ပြီး ကျွ်တော်အမြဲတမ်းပြောတယ်။ ကျွန်တော်တို့ တပ်မ တော်နဲ့ လက်တွဲလုပ်လို့ရတဲ့ပါတီမျိုးကို ရွေးချယ်ပြီး ပေးခဲ့ပါတယ်"ဟု ဗိုလ်ချုပ်မှှူးကြီးမင်းအောင်လှိုင်ကပြောသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးတို့သည် ယနေ့ နံနက်က နေပြည်တော် ဇေယျာသီရိကုန်တိုက်အတွင်းရှိ မဲရုံသို့ လာရောက်မဲပေးစဉ် သတင်းမီဒီယာများမေးမြန်းမှုများကို အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုရွေးကောက်ပွဲမှသည် ပိုပြီးကောင်းသည့်အနာဂတ်ကိုဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်ပြီး ရွေးကောက်ပွဲမှ ပြည်သူ့ဆန္ဒနဲ့အညီ ထွက်ပေါ်လာသည့် ရလဒ်ကို လက်ခံရမည်ဖြစ်ကာ ဘယ်လိုမှ ငြင်းပယ်၍ မရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက်ပြောသည်။

“ပြည်သူ့ဆန္ဒနှင့်အညီထွက်ပေါ်လာသည့် ရလဒ်ကို လက်ခံရမှာပဲ။ဒါဘယ်လိုမှငြင်းပယ်လို့မရနိုင်ဘူး။နိုင်ငံ သူ၊နိုင် ငံသားတွေရဲ့ခံစားနေရတဲ့ သောကတွေ ဒါတွေကိုဖြေသိမ့်ဖို့အတွက်စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့လိုပါ လိမ့်မယ်။ ဒါကကျွန်တော်တို့အတွက် အင်မတန်အရေးကြီးတဲ့အချက်ပါ။ နိုင်ငံသူနိုင်ငံသားတွေခံစားနေရတဲ့သော ကတွေကို ဖြေသိမ့်နိုင်ဖို့အတွက်အရေးကြီးပါတယ်။ ဒါကတော့ မလွဲမသွေလုပ်ကိုလုပ်ရမှာလို့ ကျွန်တော် ပြောချင် ပါတယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံ့တော်ခေါင်းဆောင်များအနေဖြင့် ရွေးကောက်ပွဲမတိုင်မီကပင် ကြိုတင်မဲပေးခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ရွေးကောက်ပွဲနေ့မှမဲပေးခဲ့ခြင်းဖြစ်ကာယခုလို မဲပေးရခြင်းသည် ရဲဘက်ရဲဘက်များနှင့် လုပ်ဖော်ကိုင်ဖက်များနှင့် အတူတကွမဲ ပေးချင်၍ဖြစ်သည်ဟု ဆိုသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...