ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို တောင်ကြီးမြို့တွင်ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲသံ အဖြေရှာမရသေး

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို တောင်ကြီးမြို့တွင်ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲသံ အဖြေရှာမရသေး
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် တောင်ကြီးမြို့တွင် ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ခု နိုဝင်ဘာ ၂ ရက် ညနေ ၆ နာရီခွဲခန့်ကဖြစ်ပွားခဲ့ပြီး ယခုတိုင် အဖြေရှာမရသေးကြောင်း သိရသည်။

ထိုသို့ အဆိုပါပေါက်ကွဲသံနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ အဖြေအတိအကျမထုတ်ပြန်နိုင်သေးသဖြင့် ပြည်သူများကြား ထိတ်လန့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အသံက အရမ်းကျယ်တယ်။ တစ်မြို့လုံးကို လွှမ်းမိုးသွားတဲ့အသံပဲ။ ဗျောက်သံမဟုတ်တာတော့ လူတိုင်းသိနိုင်ပါတယ်။ ကျွန်တော်တို့က ထိတ်လန့်တာပေါ့။ ဘာရည်ရွယ်ချက်နဲ့ ဘယ်သူလုပ်တာလဲ ရွေးကောက်ပွဲက ရက်ပိုင်းပဲလိုတော့တာဆိုတော့ သတိထားရမှာပေါ့” ဟု တောင်ကြီးဒေသခံ မေလင်းမိုကပြောသည်။

ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ တောင်ကြီးဒေသခံများကြား ကောလဟာလမျိုးစုံ ထွက်ပေါ်လျက်ရှိပြီး ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် ယခုလို ပေါက်ကွဲသံထွက်ပေါ်ခဲ့ခြင်းအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တချို့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများ၌ ဝေဖန်စာများ ရေးသားဖော်ပြလျက်ရှိသည်။

ယင်းပေါက်ကွဲသံနှင့်ပါတ်သက်၍ စစ်တပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ CID စသည့် တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၃ ရက် မနက်ပိုင်းတွင် သီရိမင်္ဂလာတောင်ချွန်းစေတီတော်တစ်ဝိုက်အား ဖြန့်ကျတ်ရှာဖွေခြင်း၊ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများမှ ဆက်သွယ်ရေးကုန်းသို့ နေရာပြောင်းရှာဖွေခြင်းများ ပြုလုပ်ခဲ့သော်လည်း မည်သည့်သဲလွန်စမျှမတွေ့ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...