မဲဆွယ်ကာလရှမ်းပြည်နယ်တွင် ယနေ့အထိ ဝန်းရံသူခြောက်ဦးသေဆုံးပြီး ကလေးတစ်ဦး ပျောက်ဆုံးလျက်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် အောက်တိုဘာ ၁၈ ရက်နှင့် အောက်တိုဘာ ၂၂ ရက်နေ့များတွင် ဝန်းရံသူများလိုက်ပါလာသည့် မော်တော်ယာဉ်များ တိမ်းမှောက်ခြင်း၊ မြစ်ထဲကျခြင်းများဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှု ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁၈ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ဖိုင်ကျောင်းကျေးရွာ နောင်ဟင်လှေဆိပ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မဲဆွယ်စည်းရုံးရေးကားတစ်စီး ရွှေလီမြစ်ထဲသို့ထိုးကျပြီး အမျိုးသမီးသုံးဦး သေဆုံးကာ ကလေးတဦး ပျောက်ဆုံးနေသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းနှင့် အောက်တိုဘာ ၂၂ ရက်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ၏ မဲဆွယ်စည်းရုံးကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာတွင် ပြုလုပ်ခဲ့ပြီးယင်းနေ့ ညနေ ၆ နာရီဝန်းကျင် အပြန်လမ်းတွင် ဘန်းယဉ်တိုက်နယ်ဆေးရုံရှေ့အရောက် ကားဘီးပေါက်၍ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ထိုယာဉ်ပေါ်ပါလာသည့် အမျိုးသမီးသုံးဦး ပွဲချင်းပြီးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့သည့်ဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘယ်သူမှတော့ မဖြစ်ချင်ကြပါဘူး။ အားလုံးက အရေးကြီးကိစ္စတွေပဲ မိမိအသက်လဲ အရေးကြီးသလို ကိုဗစ်ရော ဂါကလဲ အရေးကြီးပါတယ်။ ပါတီအောင်နိုင်ရေးကလဲ အရေးကြီးပါတယ်။ အဲ့ဒါလေး ကိုရင်ထဲမှာမှတ်ထားပြီး လုပ်ဆရာရှိတာဆက်လုပ်ရမှာပဲ ဟု” တောင်ကြီးဒေသခံ ပါတီဝန်းရံသူ ဦးညီကပြောသည်။
အဆိုပါသေဆုံးမှုများနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများမှ ဝမ်းနည်းကြောင်း သဝန်လွှာများထုတ်ပြန်ခဲ့ပြီး ဆုတောင်းပွဲများလဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။